Skip to product information
1 of 14

Fenty Beauty

The Comeback Kid Instant Damage Repair Treatment Bond Builder

The Comeback Kid Instant Damage Repair Treatment Bond Builder

Regular price 175,000 MMK
Regular price 247,500 MMK Sale price 175,000 MMK
Sale Sold out
Size

ကမ္ဘာကျော် မော်ဒယ်/အဆိုတော် Rihanna ရဲ့ Fenty Hair ကနေ ထုတ်လုပ်ထားတဲ့ ဆံသားအတွင်းပိုင်းအထိ ပြုပြင်ပေးနိုင်တဲ့ အဆင့်မြင့် Bond-building Treatment ပေါင်းဆေးလေး ဖြစ်ပါတယ်။ သူက ဆံသားအတွင်းပိုင်းက ပြတ်တောက်ပျက်စီးနေတဲ့ ကြိုးလေးတွေ (Bonds) ကို ပြန်လည်ဆက်စပ်ပေးပြီး၊ ရေဆေးချစရာမလိုတဲ့ (Leave-in) အနေနဲ့ရော၊ ပေါင်းပြီး ရေဆေးချတဲ့ (Rinse-out) အနေနဲ့ပါ နှစ်မျိုးစလုံး အလွယ်တကူ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ ပေါင်းဆေးလေးဖြစ်ပါတယ်။

Finish (အသားပေးမှု)

  • Natural (ပြတ်တောက်နေတဲ့ ဆံသားတွေကို ပြန်လည်ပြုပြင်ပေးလို့ ကျန်းမာသန်စွမ်းပြီး သဘာဝအတိုင်း အိကျတဲ့ Finish မျိုး ရရှိစေပါတယ်။)

Who it's for (ဘယ်သူတွေအတွက် သင့်တော်လဲ)

  • ဆေးခဏခဏဆိုးသူတွေ၊ ချွတ်ဆေး (Bleach) သုံးထားသူတွေ။
  • အပူပေးစက် (Hair straightener, curler) အမြဲသုံးလို့ ဆံသားကြမ်းတမ်း၊ ခြောက်သွေ့ပြီး ဆံပင်အဖျား နှစ်ခွဖြစ်/ပြတ်ထွက်နေသူတွေ။
  • အချိန်မပေးနိုင်လို့ မြန်မြန်ဆန်ဆန်နဲ့ ထိရောက်တဲ့ Hair Treatment (ပေါင်းဆေးလုပ်ငန်းစဉ်) ရှာနေသူတွေအတွက် အထူးသင့်တော်ပါတယ်။ (ဆံပင်အမျိုးအစားအားလုံး အသုံးပြုနိုင်ပါတယ်။)

How to use (ဘယ်လိုအသုံးပြုရမလဲ)
နှစ်မျိုး အသုံးပြုနိုင်ပါတယ်။

  • Leave-In (ရေဆေးချစရာမလိုဘဲ အသုံးပြုရန်): ခေါင်းလျှော်ပြီး ရေစိုနေချိန်မှာ ဆံပင်အလယ်ကနေ အဖျားထိကို ပမာဏအနည်းငယ် (Small amount) သာယူပြီး နှံ့အောင်လိမ်းပါ။ (ရေပြန်ဆေးချစရာ မလိုပါ။)
  • Rinse-Out (ပေါင်းဆေးအနေနဲ့သုံးပြီး ရေဆေးချရန်): ခေါင်းလျှော်ပြီး ရေစိုနေချိန်မှာ လုံလောက်တဲ့ပမာဏကိုယူပြီး ၃ မိနစ်မှ ၅ မိနစ်ခန့်ထားပါ။ ထို့နောက် ရေစင်အောင် ပြန်လည်ဆေးချပေးပါ။

Honest Notes (Glorious ရဲ့ အကြံပြုချက်)

  • Use Sparingly (Leave-In): ရေမဆေးချဘဲ (Leave-In) အနေနဲ့ သုံးမယ်ဆိုရင် ပမာဏအများကြီး လိမ်းမိရင် ဆံပင်လေးလံပြီး ကပ်သွားတတ်ပါတယ်။ ဒါကြောင့် နည်းနည်းချင်းစီသာ စတင်အသုံးပြုဖို့ အထူးအကြံပြုပါတယ်။
  • Bond Builder vs Conditioner: ဒီပစ္စည်းက ဆံသားကို ယာယီချောမွတ်သွားစေရုံသက်သက် ရိုးရိုးအပေါင်းဆေးမျိုး မဟုတ်ပါဘူး။ ဆံသားဖွဲ့စည်းပုံကို သန်စွမ်းအောင် ပြုပြင်ပေးတဲ့ (Bond Builder) အမျိုးအစားဖြစ်လို့ သုံးပြီးပြီးချင်းမှာ အရမ်းအိစက်ချောမွတ်သွားတာထက် ဆံသားပိုပြီး အားပြည့်တင်းရင်းလာတာ၊ ပြတ်ထွက်တာ သက်သာသွားတာကို ပိုမိုခံစားရမှာ ဖြစ်ပါတယ်။

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details