Tatcha
The Texture Tonic-25ml
The Texture Tonic-25ml
Couldn't load pickup availability
အသားအရေ မညီမညာဖြစ်တာ၊ အဆီပြန်ပြီး Pores တွေကျယ်နေတာတွေအတွက် Tatcha ရဲ့ နာမည်ကြီး AHA treatment toner လေးဖြစ်ပါတယ်။
သာမန် Toner မျိုးမဟုတ်ဘဲ Fruit AHAs (အသီးအနှံမှရသော အက်ဆစ်ပျော့) ပါဝင်လို့ ဆဲလ်သေတွေကို ညင်သာစွာ ဖယ်ရှားပေးပါတယ်။ Niacinamide နဲ့ Japanese Mugwort ပါဝင်တာကြောင့် အသားအရေနီမြန်းခြင်းကို သက်သာစေပြီး အသားညက်ညောစေဖို့ ကူညီပေးပါတယ်။
ဘာတွေထူးခြားလဲ?
- Gentle Exfoliation: အသားအရေကြမ်းတမ်းမှုတွေကို လျော့ပါးစေပြီး အသားညက်စေပါတယ်။
- Oil Control: ပိုလျှံနေတဲ့ အဆီတွေကို ထိန်းချုပ်ပေးလို့ Oily & Combination skin တွေနဲ့ အထူးသင့်တော်ပါတယ်။
- Pore Care: Niacinamide ပါဝင်တာကြောင့် ချွေးပေါက်ကျယ်တာတွေကို သက်သာစေပါတယ်။
ဘယ်သူတွေသုံးသင့်လဲ?
- အဆီပြန်/ အဆီခြောက်ပြန် (Combination) အသားအရေရှိသူများ
- အသားမညီမညာဖြစ်ပြီး Pores ကျယ်သူများ
- Heavy exfoliator တွေကို မခံနိုင်ဘဲ Gentle ဖြစ်တာမျိုး ရှာနေသူများ
ဘယ်လိုသုံးရမလဲ?
မျက်နှာသစ်ပြီးချိန်တွင် ဂွမ်း (Cotton pads) လေးပေါ်သို့ တင်၍ မျက်နှာကို ညင်သာစွာ ပွတ်ဆွဲပေးပါ။ ပြီးမှ Essence သို့မဟုတ် Serum ဆက်လိမ်းပါ။ မနက်ရော ညပါ သုံးနိုင်သော်လည်း နေလောင်ကာကွယ်ဆေး (Sunscreen) သေချာလိမ်းရန် လိုအပ်ပါသည်။
Glorious Honest Notes:
- Texture Tonic က Exfoliating Toner ဖြစ်လို့ Hydrating Toner တွေလို ရေဓာတ်ဖြည့်ပေးတာမျိုး မဟုတ်ပါဘူး။ ဒါသုံးပြီးရင် Moisturizer သေချာပြန်လိမ်းပေးဖို့ လိုပါတယ်။
- Fragrance အနည်းငယ်ပါဝင်တာကြောင့် အနံ့ပြင်းမကြိုက်သူများ၊ အမွှေးနံ့မတည့်သူများ သတိပြုပါ။
- Retinol သို့မဟုတ် အခြား Acid ပြင်းပြင်းတွေနဲ့ တွဲမသုံးဘဲ အချိန်ခွာသုံးတာ ပိုစိတ်ချရပါတယ်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

