Tangel Teezer
The Ultimate Detangler
The Ultimate Detangler
Couldn't load pickup availability
ရေစိုနေတဲ့ဆံသားဟာ ခြောက်သွေ့နေတဲ့အချိန်ထက် ပိုပြီး sensitive ဖြစ်ပြီး ပြတ်ထွက်လွယ်ပါတယ်။ ဒီ "The Ultimate Detangler" ကတော့ ရေချိုးနေစဉ် (သို့) ခေါင်းလျှော်ပြီးစ ရေစိုနေတဲ့ ဆံသားတွေကို နာကျင်မှုမရှိဘဲ ရှင်းထုတ်နိုင်ဖို့ သီးသန့်ထုတ်လုပ်ထားတဲ့ Brush ဖြစ်ပါတယ်။
ဘာကြောင့် Glorious က ရွေးချယ်တာလဲ?
- Two-Tiered Teeth Technology: Tangle Teezer ရဲ့ မူပိုင်သွားအတို၊ အရှည် နည်းပညာပါဝင်ပါတယ်။ သွားအရှည်တွေက ဆံပင်ရှုပ်ထွေးမှုတွေကို ညင်သာစွာရှင်းပေးပြီး၊ သွားအတိုတွေက ဆံသားကို ချောမွေ့စေပါတယ်။
- Shower-Friendly Design: လက်ကိုင် (Handle) ပါဝင်လို့ ရေချိုးနေတုန်း Conditioner သို့မဟုတ် Hair Mask ထည့်ပြီး ဆံသားအနှံ့ဖြန့်တဲ့နေရာမှာ လက်ကနေ လွတ်မကျဘဲ ကိုင်တွယ်ရ လွယ်ကူစေပါတယ်။
- Less Breakage: ဆွဲဆန့်ပြီး ဖြီးရတာမျိုးမဟုတ်ဘဲ အရှုပ်အထွေးတွေကို ဖြည်းဖြည်းချင်း ဖြေပေးတာမို့ ဆံပင်ကျွတ်သက်သာစေပါတယ်။
ဘယ်သူတွေ "မဖြစ်မနေ" သုံးသင့်လဲ?
- ခေါင်းလျှော်ပြီးတိုင်း ဆံပင်အရမ်းရှုပ်တတ်သူများ။
- ဆံသားအနွယ် (Hair strands) သေးပြီး ပြတ်ထွက်လွယ်သူများ။
- Conditioner/Treatment သုံးတိုင်း လက်နဲ့သေချာမနှံ့မှာ စိုးရိမ်သူများ။
Glorious Honest Note (သတိပြုရန်):
ဒီ Brush ဟာ အပူဒဏ်ခံနိုင်ဖို့ ဒီဇိုင်းလုပ်ထားတာ မဟုတ်ပါဘူး။ Hair Dryer (အပူ) နဲ့ တွဲပြီး Blow-dry လုပ်တဲ့အခါ လုံးဝ မသုံးရပါ။ အပူကြောင့် Brush သွားတွေ အရည်ပျော်သွားနိုင်ပါတယ်။
အသုံးပြုနည်း:
ရေစိုနေတဲ့ဆံသားကို အဖျားကနေစပြီး တဖြည်းဖြည်း အပေါ်ဘက်ကို တက်ပြီးရှင်းပေးပါ။ ဆံသားခြောက်သွေ့ချိန်မှာလည်း သုံးနိုင်ပါတယ်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

