Skip to product information
1 of 6

Urban Decay

urban decay All Nighter Waterproof Glow Setting Spray

urban decay All Nighter Waterproof Glow Setting Spray

Regular price 198,000 MMK
Regular price Sale price 198,000 MMK
Sale Sold out
Size

Urban Decay All Nighter Setting Spray အသစ်လေးဟာ မိတ်ကပ်ကို (၂၄) နာရီကြာအောင် မပျက်မကွက်ဘဲ ထိန်းသိမ်းပေးနိုင်တဲ့အပြင်၊ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး မှန်သားလို စိုပြောင်စေတဲ့ (Glass-skin glow) Setting Spray ဖြစ်ပါတယ်။

  • ဘာကြောင့် Glorious က ရွေးချယ်သလဲ?:

  • ပုံမှန် မိတ်ကပ်ခံတဲ့ (Long-lasting) Setting Spray အများစုက ဖြန်းပြီးရင် မျက်နှာကို ခြောက်သွေ့ပြီး Matte ဖြစ်သွားစေပါတယ်။ ဒါပေမဲ့ ဒီ Spray လေးက Urban Decay ရဲ့ နာမည်ကြီး 24HR မိတ်ကပ်ခံတဲ့ နည်းပညာကို သုံးထားပြီး ကိုရီးယားမင်းသမီးတွေလို စိုစိုအိအိ (Dewy/Glass-skin) အသားအရေကို ပေးစွမ်းနိုင်လို့ပါ။ ရေစိုခံ၊ ချွေးခံနိုင်တဲ့အတွက် မြန်မာနိုင်ငံလို ပူအိုက်တဲ့ ရာသီဥတုမှာတောင် မိတ်ကပ်လုံးဝမကွက်ဘဲ သဘာဝကျကျ Glow နေချင်သူတွေအတွက် အကောင်းဆုံးဖြစ်လို့ Glorious ကနေ အထူးရွေးချယ် အကြံပြုရခြင်းဖြစ်ပါတယ်။

၂။ အဓိကအာနိသင်များ (Key Benefits)

  • 24-Hour Wear: မိတ်ကပ်ကို တစ်နေကုန် (၂၄ နာရီအထိ) မကွက်၊ မပျက်ဘဲ ခိုင်မြဲစေပါတယ်။

  • Waterproof & Sweatproof: ရေစိုခံ၊ ချွေးခံနိုင်ပြီး Mask မှာ မိတ်ကပ်ပေခြင်း (Transfer) ကိုပါ ကာကွယ်ပေးပါတယ်။

  • Skincare Ingredients (အသားအရေထိန်းသိမ်းမှု):

    • Niacinamide: အသားအရေကို ပိုမိုလင်းလက် တောက်ပစေပါတယ်။

    • Goji Berry: မျက်နှာကို သဘာဝကျကျ ရောင်ဝါလင်း (Radiance) စေပါတယ်။

    • Glycerin & Film Formers: ရေဓာတ်ကို အပြည့်အဝ ထိန်းလှောင်ပေးပြီး မိတ်ကပ်ကို အသားထဲ စိမ့်ဝင်သွားသလို တည်ငြိမ်စေပါတယ်။

၃။ ဘယ်သူတွေအတွက်အသင့်တော်ဆုံးလဲ (Who it's for)

မိတ်ကပ်လိမ်းပြီးရင် မျက်နှာခြောက်ကပ်ကပ် (Cakey) ဖြစ်တတ်သူတွေ၊ Dewy look လို့ခေါ်တဲ့ စိုပြောင်ပြောင် မျက်နှာလေးကို နှစ်သက်သူတွေနဲ့ ပွဲတက်၊ မင်္ဂလာဆောင် စတဲ့အချိန်တွေမှာ မိတ်ကပ်အကြာကြီးခံပေမယ့် မျက်နှာလေး စိုပြေချောမွေ့နေစေချင်သူတွေအတွက် အသင့်တော်ဆုံးပါ။

၄။ အသုံးပြုပုံအကြံပြုချက် (How to use)

  • အသုံးမပြုခင် ဘူးကို သေချာစွာ လှုပ်ပေးပါ။

  • မျက်နှာနဲ့ ၈ လက်မ မှ ၁၀ လက်မခန့် အကွာမှနေ၍ မျက်လုံးနှင့် ပါးစပ်ကို ပိတ်ပြီး "X" ပုံစံ၊ ထို့နောက် "T" ပုံစံမျိုး (၂) ချက်မှ (၄) ချက်အထိ ဖြန်းပေးပါ။

  • Tip: မိတ်ကပ်မလိမ်းခင် Beauty Sponge (မိတ်ကပ်ဖော့) ပေါ်ကို ဖြန်းပြီးမှ Foundation ရိုက်ပေးရင် ပိုပြီး ကြာရှည်ခံသလို အရေးအကြောင်းတွေကြားထဲ မိတ်ကပ်ဝင်ပြီး ကွက်တာကိုလည်း ကာကွယ်ပေးပါတယ်။

၅။ Glorious Honest notes & PAO

  • Glorious Honest Notes (ပွင့်လင်းစွာ သုံးသပ်ချက်): ဒီ Spray လေးက တကယ်ကို Glow ပါတယ်။ ဖြန်းလိုက်တာနဲ့ မျက်နှာလေးက ချက်ချင်း ရေဓာတ်ပြည့်သွားသလို စိုစိုလေးဖြစ်သွားတယ်။ တချို့ Glow spray တွေလို စေးကပ်ကပ်ကြီးဖြစ်မနေဘဲ အရမ်းပေါ့ပါးပါတယ်။ ဒါပေမဲ့ အဆီအရမ်းပြန်တဲ့သူတွေ (Super Oily Skin) သုံးရင်တော့ မျက်နှာက ပိုပြောင်နေသလို ခံစားရနိုင်လို့ အဆီပြန်သမားတွေဆိုရင် UD ရဲ့ Original (သို့) Matte version ကိုပဲ ပိုအကြံပေးချင်ပါတယ်။ Dry နဲ့ Normal skin တွေအတွက်တော့ အရမ်းကို Perfect ဖြစ်တဲ့ Spray ပါပဲ။

  • PAO: 6M 

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details