CAROLINA HERRERA
Very Good Girl Eau de Parfum
Very Good Girl Eau de Parfum
Couldn't load pickup availability
နာမည်ကြီး High Heel ဖိနပ်ပုံစံ ရေမွှေးပုလင်းလေးတွေထဲမှာမှ ဒီအနီရောင်ပုလင်းလေးကတော့ Fruity Floral ရနံ့ကို နှစ်သက်သူတွေအတွက် အထူးထုတ်လုပ်ထားတာပါ။ Original အနက်ရောင်ပုလင်းရဲ့ အနံ့ပြင်းပြင်း၊ Deep ဖြစ်တဲ့ပုံစံမျိုးမဟုတ်ဘဲ ပိုပြီး လန်းဆန်းတက်ကြွတဲ့ "Red" Vibe ကို ခံစားရစေမယ့် ရေမွှေးဖြစ်ပါတယ်။
ရနံ့ဖွဲ့စည်းပုံ (Scent Notes)
- Top Notes: အဖွင့်မှာ Red Currant (အနီရောင် Currant သီး) နဲ့ Lychee (လိုင်ချီးသီး) ရနံ့တွေကြောင့် ချိုချဉ်ပြုံး ရနံ့လေးနဲ့ စတင်ပါတယ်။ အရမ်းလန်းဆန်းစေပါတယ်။
- Heart Notes: ရေမွှေးရဲ့ အသက်လို့ပြောလို့ရတဲ့ Rose (နှင်းဆီ) ရနံ့က နူးညံ့ပြီး၊ မိန်းကလေးဆန်တဲ့ ကျက်သရေကို ပေါ်လွင်စေပါတယ်။
- Base Notes: နောက်ဆုံးမှာ ကျန်ရစ်မယ့်အနံ့က Vetiverနဲ့ Vanilla ဖြစ်တာမို့ နွေးထွေးပြီး ဆွဲဆောင်မှုရှိတဲ့ အနံ့သင်းသင်းလေး စွဲကျန်ရစ်စေပါတယ်။
ဘယ်သူတွေအတွက်လဲ?
- အနံ့ အီလွန်းတာ၊ ပြင်းလွန်းတာမျိုး မကြိုက်ဘဲ သစ်သီးနံ့နဲ့ ပန်းနံ့ ဖျော်စပ်ထားတာကို ကြိုက်နှစ်သက်သူများ။
- လူကြားထဲရောက်သွားရင် ကိုယ့်ဆီက အနံ့လေးမွှေးနေတာမျိုး လိုချင်သူများ (Projection ကောင်းပါတယ်)။
ဒီ "Very Good Girl (Red)" က Original "Good Girl (Black)" နဲ့ လုံးဝမတူပါဘူး။ Original က ကော်ဖီနံ့၊ ကိုကိုးနံ့တွေပါလို့ နည်းနည်းလေးပြီး Dark ဆန်ပါတယ်။ ဒီအနီရောင်ကတော့ ပိုပြီး Bright ဖြစ်ပြီး Berry သီးနံ့တွေ ပိုထွက်ပါတယ်။ ချိုချဉ်ရနံ့ဘက် သွားတာမို့ လူငယ်ဆန်ပါတယ်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

