Skip to product information
1 of 8

Juvia's Place

Warrior 3 Palette

Warrior 3 Palette

Regular price 98,500 MMK
Regular price 149,500 MMK Sale price 98,500 MMK
Sale Sold out

Warrior Series ထဲမှာ အရောင်အစုံလင်ဆုံး၊ အတောက်ဆုံးဖြစ်တဲ့ Warrior III Palette ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်း Neutral အရောင်တွေနဲ့ မတူဘဲ မျက်လုံးထောင့်မိတ်ကပ် (Creative Looks) တွေ ဖန်တီးချင်သူများ၊ ပွဲတက်အတွက် အရောင်စိုစိုလိုချင်သူများအတွက် အထူးထုတ်လုပ်ထားတာပါ။

ပါဝင်ပုံနှင့် အရောင်များ

  • တောက်ပြောင်ပြီး ဆွဲဆောင်မှုရှိတဲ့ အရောင် (၉) မျိုး ပါဝင်ပါတယ်။
  • Deep Emerald Green (အစိမ်းရင့်)၊ Fire Engine Red (အနီ)၊ Deep Pink (ပန်းရောင်ရင့်)၊ Vibrant Blue (အပြာတောက်) စသည့် Bold Color များ အဓိကပါဝင်ပါတယ်။
  • Texture အနေနဲ့ Matte  နှင့် Metallic  နှစ်မျိုး မျှတစွာ ပါဝင်ပါတယ်။

ဘယ်သူတွေ သုံးသင့်လဲ

  • Daily Wear ထက် ပွဲတက်၊ Editorial ဓာတ်ပုံရိုက်ကူးမှုများနှင့် ပန်းချီဆန်တဲ့ မိတ်ကပ်ပုံစံ ဖန်တီးလိုသူများ။
  • Neutral/Brown အရောင်တွေရိုးနေပြီး ထူးခြားတဲ့အရောင် (Pop of Color) လိုချင်သူများ။
  • အသားညိုသူများနှင့် Tan Skin များ (Juvia's Place ၏ ထုံးစံအတိုင်း Pigment အလွန်ကောင်းမွန်သောကြောင့် အသားညိုသူများပေါ်တွင် အရောင်မမြုပ်ဘဲ ထင်းနေစေပါသည်)။

Glorious ၏ အကြံပြုချက် (Honest Notes)

  • ဒါက Beginner Friendly (စသုံးသူများအတွက်) မဟုတ်ပါ။ အရောင်ထွက်အား (Pigment) အရမ်းကောင်းလွန်းတာကြောင့် စိတ်ရှည်ရှည်ထားပြီး Blend လုပ်ပေးဖို့ လိုပါတယ်။
  • Pressed Pigment များဖြစ်တာကြောင့် မျက်ခွံကို Primer ခံပြီးမှ သုံးပေးရင် ပိုကောင်းပါတယ်။ (အနီရောင်နှင့် ခရမ်းရောင်ဘက်သွားသော အရောင်တချို့က မိတ်ကပ်ဖျက်ပြီးရင်တောင် မျက်ခွံမှာ အနည်းငယ် စွန်းကျန်ခဲ့တတ်တာမျိုး ဖြစ်နိုင်ပါတယ်)။
  • ရုံးသွား၊ ကျောင်းသွား Daily Look အတွက်ဆိုရင်တော့ Warrior I သို့မဟုတ် Warrior II က ပိုသင့်တော်ပါတယ်။

The Glorious Promise
Glorious မှ ရောင်းချသော Juvia’s Place ပစ္စည်းများသည် USA မှ တိုက်ရိုက်တင်သွင်းထားသော 100% Authentic ဖြစ်ကြောင်း အာမခံပါသည်။

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details