Kiko
3d hydra lipgloss
3d hydra lipgloss
Couldn't load pickup availability
KIKO Milano ရဲ့ လူကြိုက်အများဆုံး 3D Hydra Lipgloss လေးဟာ နှုတ်ခမ်းသားကို ရေဓာတ်ပြည့်ဝစေပြီး ကြည့်လိုက်တာနဲ့ 3D Effect လို ဖူးဖူးအိအိလေး (optical plump) ဖြစ်သွားစေတဲ့ မှန်လိုကြည်လင်တဲ့ နှုတ်ခမ်းဆိုးဆေး (Gloss) လေး ဖြစ်ပါတယ်။ စေးကပ်မှုမရှိဘဲ (Non-sticky) နှုတ်ခမ်းပေါ်မှာ သက်တောင့်သက်သာရှိစေတဲ့ အမျိုးအစားလေးပါ။
Coverage & Finish
- Coverage: Buildable (အရောင်ကုဒ်အပေါ်မူတည်ပြီး ကြည်လင်တဲ့ Sheer လေးကနေ အရောင်ထွက်တဲ့ Medium အထိ ကွာခြားနိုင်ပါတယ်။
- Finish: Dewy (မှန်လို ကြည်လင်တောက်ပတဲ့ High-shine လေး ဖန်တီးပေးပါတယ်။)
ဘယ်သူတွေအတွက် သင့်တော်လဲ (Who it's for)
- နှုတ်ခမ်းခြောက်တတ်ပြီး အမြဲစိုစိုအိအိလေးနဲ့ လှချင်သူတွေ။
- Mint / Chilli ပါဝင်သော Plumping gloss များကို မကြိုက်သော်လည်း၊ သဘာဝအတိုင်း နှုတ်ခမ်းလေး ဖူးဖူးပြည့်ပြည့်လေး (3D volume) ဖြစ်ချင်သူတွေ။
- နေ့စဉ် (Daily Wear) ပေါ့ပေါ့ပါးပါးနဲ့ အလွယ်တကူ လှချင်သူတွေ (Beginner Friendly)။
- တခြားနှုတ်ခမ်းနီပေါ်ကနေ Top Coat အနေနဲ့ ဆိုးပြီး မှန်လိုတောက်ပတဲ့ အသွင် (Events & Photos) ကို ယူချင်သူတွေ။
အသုံးပြုပုံ (How to use)
သီးသန့်ပဲဖြစ်ဖြစ်၊ ကိုယ်ကြိုက်တဲ့ နှုတ်ခမ်းနီပေါ်ကနေ ထပ်ပြီးတော့ပဲဖြစ်ဖြစ် ဆိုးပေးလို့ရပါတယ်။ နှုတ်ခမ်းအလယ်ဗဟိုကို နည်းနည်းပိုပြီး ထူထူလေးဆိုးပေးရင် 3D volume Effect ချိုချိုလေးကို ပိုပြီး ပေါ်လွင်စေပါတယ်။
ရိုးသားစွာ အကြံပြုချက် (Honest Notes)
- သူက တခြား Plumping Lip Gloss တွေလို နှုတ်ခမ်းကို ပူရှိန်းရှိန်းဖြစ်စေတဲ့ (tingling) ပါဝင်ပစ္စည်းမျိုး မပါဝင်ပါဘူး။ ရေဓာတ်ပြည့်ဝခြင်းနဲ့ အလင်းပြန်တဲ့ High-shine ကြောင့်သာ နှုတ်ခမ်းကို ဖူးသယောင် (Optical plump effect) ဖြစ်စေတာပါ။
- နှုတ်ခမ်းနီ Gloss အမျိုးအစားဖြစ်လို့ တစ်နေကုန် ခံမှာမဟုတ်ဘဲ အစားစားတဲ့အခါ ပျက်လွယ်ပါမယ်။
- အရောင်ရွေးချယ်မှုအပေါ်မူတည်ပြီး ရိုးရိုးကြည်ကြည် Gloss အမျိုးအစားနဲ့ ပုလဲရောင် (Shimmer / Glitter) ပါတဲ့ အမျိုးအစားဆိုပြီး ကွာခြားတတ်ပါတယ်နော်။
- PAO -(18M)
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

