Clinique
4-Pc. Anti-Blemish Basics Skincare Set
4-Pc. Anti-Blemish Basics Skincare Set
Couldn't load pickup availability
Acne (ဝက်ခြံ) နဲ့ အဆီပြန်တဲ့ပြဿနာတွေအတွက် အခြေခံအကျဆုံးနဲ့ ထိရောက်မှုရှိတဲ့ Skincare Routine တစ်ခုလုံးပါဝင်တဲ့ Set ဖြစ်ပါတယ်။ အထူးသဖြင့် ဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သန့်စင်ခြင်း (Cleanse)၊ အစိုဓာတ်ပေးခြင်း (Hydrate) နဲ့ ကုသခြင်း (Treat) ဆိုတဲ့ အဆင့် (၃) ဆင့်လုံးကို စနစ်တကျ ပြုလုပ်နိုင်အောင် စီစဉ်ထားပါတယ်။
Set လေးထဲမှာ ဘာတွေပါလဲ?
- Clinique iD Hydrating Clearing Jelly (3.9 oz - Full Size): Jelly texture ဖြစ်ပြီး အဆီမပြန်စေဘဲ ရေဓာတ်ဖြည့်ပေးတဲ့အပြင် Salicylic Acid ပါဝင်လို့ ချွေးပေါက်ပိတ်ဆို့မှုကို သက်သာစေပါတယ်။
- Active Cartridge Concentrate (0.34 oz): အနီရောင် Cartridge လေးဖြစ်ပြီး Jelly ဘူးထဲထည့်ပြီး အသုံးပြုရပါမယ်။ ဝက်ခြံနဲ့ အဖုအပိမ့်တွေကို သီးသန့်သက်သာစေဖို့ ဖော်စပ်ထားပါတယ်။
- Acne Solutions Cleansing Foam (1.7 oz): မျက်နှာသစ်ဆေးအမြှုပ်လေးဖြစ်ပြီး အဆီတွေနဲ့ ဘက်တီးရီးယားတွေကို ညင်သာစွာ ဖယ်ရှားပေးပါတယ်။
- Acne Solutions Clinical Clearing Gel (0.5 oz): ဝက်ခြံပေါက်တဲ့နေရာတွေကို တို့ပေးရမယ့် Spot Treatment ဖြစ်ပါတယ်။
ဘယ်လိုအသားအရေနဲ့ ကိုက်ညီလဲ?
- အဆီပြန်တဲ့ အသားအရေ (Oily Skin)
- T-zone အဆီပြန်ပြီး ပါးခြောက်တဲ့ အသားအရေ (Combination Skin)
- ဝက်ခြံထွက်လွယ်သူများ (Acne-prone Skin)
အသုံးပြုပုံ (How to Use):
- Morning & Night: Cleansing Foam ဖြင့် မျက်နှာသစ်ပါ။
- Clinique iD (Jelly + Cartridge ရောစပ်ပြီးသား) ကို မျက်နှာတစ်ပြင်လုံး လိမ်းပေးပါ။
- နောက်ဆုံးအဆင့်တွင် Clinical Clearing Gel ဝက်ခြံဖုလေးတွေပေါ် တို့ပေးပါ။
Honest Note:
Salicylic Acid ပါဝင်တဲ့ပစ္စည်းတွေချည်းပဲ သုံးထားတာဖြစ်လို့ တချို့အသားအရေတွေမှာအနည်းငယ် ခြောက်သွေ့မှု ခံစားရနိုင်ပါတယ်။ ဒါကြောင့် စစသုံးကာစမှာ Cleansing Foam နဲ့ Jelly ကိုအရင်သုံးပြီး၊ အသားကျမှ Clearing Gel ကိုထပ်တင်ပေးနော်
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

