Charlotte Tilbury
AIRBRUSH BRIGHTENING FLAWLESS FINISH
AIRBRUSH BRIGHTENING FLAWLESS FINISH
Couldn't load pickup availability
မူလ နာမည်ကြီး Airbrush Flawless Finish Powder ရဲ့ "Brightening" version ဖြစ်ပါတယ်။ မျက်နှာတစ်ပြင်လုံးအတွက်ထက်၊ မျက်လုံးအောက် (Under-eye) နဲ့ မျက်နှာအမြင့်ပိုင်း (High points) တွေကို အဓိကထားပြီး လင်းလက်သွားစေဖို့ ထုတ်လုပ်ထားတဲ့ Micro-powder ဖြစ်ပါတယ်။
အဓိက အာနိသင်များ
- Brighten: မျက်လုံးအောက် ညိုမဲတာတွေကို ဖုံးကွယ်ပြီး ချက်ချင်း လင်းသွားစေပါတယ်။ အလင်းကိုပြန်ပြီး ကစားပေးတဲ့ Light-Bounce Technology ပါဝင်ပါတယ်။
- Blur: အရေးအကြောင်း အသေးလေးတွေကို ဝါးသွားစေပြီး Airbrushed လုပ်ထားသလို ချောမွတ်စေပါတယ်။
- Lift: မျက်နှာကို ပိုပြီး တင်းရင်းလန်းဆန်းတဲ့ ပုံစံမျိုး ရစေပါတယ်။
Texture & Finish
- အလွန်နူးညံ့တဲ့ Micro-fine texture ရှိပါတယ်။
- Flash-back လုံးဝ မရှိပါ (ဓာတ်ပုံရိုက်ရင် ဖြူခဲခဲကြီး ဖြစ်မနေပါ)။
- Finish က Matte ဆန်ပေမယ့် ခြောက်ကပ်မသွားဘဲ သဘာဝအတိုင်း ကြည်လင်နေစေပါတယ်။
Key Ingredients
- Hyaluronic Acid: အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး Powder ကြောင့် အသားခြောက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
- Vitamin C: အချိန်ကြာလာတာနဲ့အမျှ အသားအရေကို ကြည်လင်လာစေဖို့ ကူညီပေးပါတယ်။
- Vegan Collagen: အသားအရေကို ပြည့်တင်းစေပါတယ်။
ဘယ်သူတွေ သုံးသင့်လဲ
- မျက်လုံးအောက် ညိုမဲတတ်သူများ။
- Concealer သုံးပြီးရင် အရေးအကြောင်းကြားထဲ "Cream ကွဲခြင်း" (Creasing) ဖြစ်တတ်သူများ။
- မျက်နှာကို Dimension ရှိရှိဖြင့် လင်းလက်ချင်သူများ။
Glorious Honest Note
ဒါသည် Full Coverage ပေးတဲ့ Powder မဟုတ်ပါ။ အမဲစက်ကြီးတွေကို ဖုံးချင်ရင် Concealer အရင်သုံးဖို့ လိုအပ်ပါတယ်။ Finish powder ဖြစ်တဲ့အတွက် မိတ်ကပ်လိမ်းပြီး နောက်ဆုံးအဆင့်မှာ Touch-up လုပ်ဖို့ အသင့်တော်ဆုံးပါပဲ။ (Fair-Medium နှင့် Tan-Deep ဆိုပြီး အရောင် ၂ မျိုးလာတတ်လို့ ကိုယ့်အသားအရောင်နဲ့ ကိုက်တာ ရွေးရပါမယ်)။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

