Charlotte Tilbury
Airbrush Bronzer
Airbrush Bronzer
Couldn't load pickup availability
ဒါက Charlotte Tilbury ရဲ့ နာမည်ကြီး Airbrush Flawless Finish Powder နဲ့ formula ဆင်တူတဲ့ သဘာဝအကျဆုံး Matte Bronzer ပါ။ မျက်နှာကို ပွန်းပဲ့မနေဘဲ နေလောင်ထားသလို (Sun-kissed look) ရစေသလို၊ မျက်နှာကျ လေးနက်သွားအောင် Contour အနေနဲ့ပါ သုံးလို့ရပါတယ်။ အထူးခြားဆုံးကတော့ Hyaluronic Acid ပါဝင်လို့ Matte ဖြစ်ပေမယ့် အသားခြောက်မသွားဘဲ ချွေးပေါက်တွေကိုပါ Blurring effect ပေးပါတယ်။
အဓိက အားသာချက်များ:
- Finish: တကယ့် Matte အစစ်ပါ။ ဒါပေမယ့် ပေါင်ဒါသားက နူးညံ့လွန်းလို့ အသားပေါ်မှာ အကွက်လိုက်ဖြစ်မနေပါဘူး။
- Texture: Silk လိုမျိုး နူးညံ့ပြီး Blending လုပ်ရတာ အရမ်းလွယ်ပါတယ်။
- Benefits: Hyaluronic Acid ပါဝင်လို့ အသားအရေကို ရေဓာတ်မခမ်းခြောက်စေပါဘူး။
- Value: Size က ပုံမှန် Bronzer တွေထက် ၂ ဆလောက်နီးပါး ပိုကြီးပါတယ်။ ကုန်သွားရင်လည်း Refill ပြန်ဝယ်ထည့်လို့ရတဲ့အတွက် ရေရှည်အတွက် တန်ပါတယ်။
- Usage: မျက်နှာသာမက ခန္ဓာကိုယ် (ပခုံး၊ ရင်ဘတ်) နေရာတွေကိုပါ Bronze လုပ်ဖို့ အဆင်ပြေပါတယ်။
အသုံးပြုပုံ (How to use):
- Bronzing: နဖူး၊ ပါးမိုး၊ မေးစေ့ စတဲ့ နေရောင်ထိလွယ်တဲ့ နေရာတွေကို Brush အကြီးနဲ့ ဖြန့်လိုက်ပါ။
- Contouring: မျက်နှာသွယ်ချင်ရင်တော့ ပါးရိုးအောက်၊ မေးရိုးတလျှောက်မှာ Shade နည်းနည်းရင့်တာကို သုံးပေးပါ။
Glorious Honest Notes (သတိပြုရန်):
- Shades ၄ မျိုးလာပါတယ်။ အသားအရောင်နဲ့ သိပ်ကွာလွန်းတဲ့ အရောင်ကိုယူရင် ညစ်သလို ဖြစ်တတ်လို့ ကိုယ့်အသားအရောင်ထက် ၁ ဆင့်၊ ၂ ဆင့်လောက်ပဲ ပိုရင့်တာကို ရွေးဖို့ အကြံပြုပါတယ်။
- Powder type ဖြစ်တဲ့အတွက် အောက်က Foundation မခြောက်တခြောက် အနေအထားမှာတင်ရင် ကွက်တတ်ပါတယ်။ Foundation/Cream bronzer သုံးပြီး Set ဖြစ်မှ ဒါကိုထပ်သုံးတာ ပိုလှပါတယ်။
PAO-(24M)
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

