Skip to product information
1 of 12

Charlotte Tilbury

Airbrush Flawless Finish Refillable Blurring & Setting Powder

Airbrush Flawless Finish Refillable Blurring & Setting Powder

Regular price 296,000 MMK
Regular price 316,000 MMK Sale price 296,000 MMK
Sale Sold out
Color

မျက်နှာပြင်ကို Filter ခံထားသလို မှုန်မှုန်ညက်ညက်လေးနဲ့ အပြစ်အနာအဆာကင်းတဲ့ အသွင်ဖန်တီးပေးတဲ့ နာမည်ကြီး Charlotte Tilbury ရဲ့ Airbrush Setting Powder လေးဖြစ်ပါတယ်။ အတွင်းမှာ Rose Wax နဲ့ Almond Oil ပါဝင်လို့ တခြားပေါင်ဒါတွေလို အစိုဓာတ်ကို စုပ်ယူမသွားဘဲ၊ မိတ်ကပ်ကွက်တာ၊ အဖတ်လန်တာမျိုးမဖြစ်အောင် ထိန်းသိမ်းပေးထားနိုင်ပါတယ်။

  • ဖုံးအုပ်နိုင်စွမ်း (Coverage): Sheer (အပြစ်အနာအဆာ ဖုံးကွယ်ရန်မဟုတ်ဘဲ ပါးပါးကြည်ကြည်လေး ဆွဲတင်ပေးပါသည်)
  • လိမ်းခြယ်ပြီးနောက် အသွင် (Finish): Natural / Soft-matte (အသားမခြောက်ဘဲ သဘာဝကျကျ ညက်ညောသော အသွင်)
  • ဘယ်သူတွေအတွက်လဲ: ချွေးပေါက်ကျယ်တာတွေ၊ အရေးအကြောင်းတွေကို သဘာဝကျကျ Blur လုပ်ပြီး ဖုံးကွယ်ချင်သူများ၊ Powder သုံးလိုက်တိုင်း အသားခြောက်ပြီး ပြာသွားတတ်လို့ စိတ်ညစ်ရသူများ (Dry to Normal Skin) ၊ မျက်လုံးအောက် မိတ်ကပ်အကြောင်းဝင်တာမျိုး (Creasing) မဖြစ်ချင်သူများအတွက် အထူးသင့်လျော်ပါတယ်။
  • အသုံးပြုပုံ: Powder Brush (သို့) Puff ကိုအသုံးပြုပြီး T-zone (နဖူး၊ နှာခေါင်း) နှင့် မိတ်ကပ်သား မြဲချင်သော နေရာများကို ပါးပါးကြည်ကြည်လေး ပွတ်ဆွဲ/ပုတ်လိမ်းပေးပါ။ (အထူးသဖြင့် မျက်လုံးအောက် Setting ချရန်အတွက် အရမ်းနာမည်ကြီးပါတယ်။)
  • Honest Notes: ဒီ Powder လေးက အသားအရေကို ညက်ညောသွားစေဖို့ (Blurring effect) ကိုသာ အဓိကလုပ်ဆောင်ပေးပြီး Coverage မပါဝင်ပါဘူး။ အဆီအရမ်းစုပ်တဲ့ (Heavy Oil-control) Baking powder မျိုးမဟုတ်လို့ အဆီအရမ်းပြန်လွယ်သော အသားအရေ (Very Oily Skin) များအနေဖြင့် တစ်နေ့တာအတွင်း Touch-up ပြန်လုပ်ပေးရန် လိုအပ်နိုင်ပါတယ်။ ထို့အပြင် ပေါင်ဒါသား အရမ်းညက်လွန်းသောကြောင့် အခြားပေါင်ဒါများထက် မြန်မြန်ကုန်လွယ်သည့် (Hits pan fast) သဘောသဘာဝ ရှိပါတယ်။ သို့သော် အခုနောက်ပိုင်း Packaging အသစ်များသည် ကုန်သွားပါက အခွေချည်းသက်သက် (Refill) ပြန်ဝယ်ထည့်၍ ရနေပြီဖြစ်ပါသည်။

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details