Skip to product information
1 of 7

Urban Decay

All Nighter Extra Glow Setting Spray

All Nighter Extra Glow Setting Spray

Regular price 198,000 MMK
Regular price 208,500 MMK Sale price 198,000 MMK
Sale Sold out
Size

မိတ်ကပ်သား တာရှည်ခံချင်ပေမယ့် Matte ဖြစ်လွန်းပြီး ခြောက်ကပ်ကပ်ကြီး ဖြစ်သွားမှာ စိုးရိမ်သူများအတွက် Urban Decay ရဲ့ နာမည်ကြီး All Nighter Spray ကိုမှ အသားအရေ စိုပြေတောက်ပစေမယ့် Glow Formula ဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။

ဘာကြောင့် Glorious က ရွေးချယ်သလဲ?
All Nighter ၏ နာမည်ကျော် မိတ်ကပ်သား Lock လုပ်နိုင်စွမ်း (Long-wear formula) ကို အခြေခံထားပြီး၊ Hyaluronic Acid နှင့် Agave Extract တို့ ပေါင်းစပ်ထည့်သွင်းထားသောကြောင့် အသားအရေကို ရေဓာတ်ဖြည့်ပေးကာ "Glass Skin" ဟုခေါ်သော ကြည်လင်တောက်ပသည့် Finish ကို ရရှိစေပါသည်။

အဓိက အာနိသင်များ

  • Long-Lasting Wear: မိတ်ကပ်သားကို အရည်ပျော်ခြင်း၊ ကွက်ခြင်းမရှိအောင် တစ်နေ့တာလုံး ထိန်းပေးထားနိုင်ပါတယ်။
  • Hydrating Glow: Hyaluronic Acid ပါဝင်တာကြောင့် မိတ်ကပ်လိမ်းထားရလို့ အသားခြောက်တာမျိုး မဖြစ်စေဘဲ စိုစိုအိအိလေး ဖြစ်စေပါတယ်။
  • Temperature Control Tech: အပူချိန်အပြောင်းအလဲကြောင့် မိတ်ကပ်သား ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။

ဘယ်သူတွေအတွက် အသင့်တော်ဆုံးလဲ?

  • Dry Skin (အသားခြောက်သူ) နှင့် Normal Skin များ။
  • Matte Foundation သုံးရတာကြိုက်ပေမယ့် Finish ကို ပြန်ပြီး လင်းလက်တောက်ပချင်သူများ။
  • မိတ်ကပ်လိမ်းပြီးချိန်တွင် Powder မှုန့်အလွန်အကျွံသုံးမိသကဲ့သို့ ဖြစ်နေသည်ကို ဖျောက်ဖျက်လိုသူများ။

အသုံးပြုပုံ အကြံပြုချက်

  1. အသုံးမပြုခင် ပုလင်းကို သေချာစွာ လှုပ်ပေးပါ (Shake well)။ Glow အမှုန်များ သမသွားစေရန် အရေးကြီးပါသည်။
  2. မျက်နှာနှင့် ၈ လက်မ - ၁၀ လက်မခန့် အကွာမှ "X" နှင့် "T" ပုံသဏ္ဍာန် ဖြန်းပေးပါ။

Glorious Honest Note
ဒါဟာ အဆီပြန်ခြင်းကို ထိန်းချုပ်ပေးတဲ့ (Oil-control) ပစ္စည်း မဟုတ်ပါဘူး။ ဒါကြောင့် အဆီအလွန်ပြန်တတ်သူ (Very Oily Skin) များအနေနဲ့ မိတ်ကပ်သား တာရှည်ခံချင်တယ်ဆိုရင် မူလ Original All Nighter (အနက်ရောင်ပုလင်း) ကို သုံးတာက ပိုပြီး စိတ်ချရနိုင်ပါတယ်။ Pores (ချွေးပေါက်) အရမ်းကျယ်သူများ အနေဖြင့်လည်း Glow finish ကြောင့် ချွေးပေါက် ပိုထင်ရှားနိုင်သည်ကို သတိပြုစေလိုပါတယ်။

 

  • PAO -(6M)

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details