Skip to product information
1 of 8

The Ordinary

Alpha Arbutin 2% + Hyaluronic Acid for Hyperpigmentation

Alpha Arbutin 2% + Hyaluronic Acid for Hyperpigmentation

Regular price 98,000 MMK
Regular price 134,000 MMK Sale price 98,000 MMK
Sale Sold out
Size

မျက်နှာပေါ်ရှိ အမဲစက်များ (Dark Spots)၊ တင်းတိပ်နှင့် အသားအရေမညီညာမှုများကို ကုသရန်အတွက် အထူးထုတ်လုပ်ထားသော Serum ဖြစ်ပါတယ်။ သာမန် Arbutin ထက် ပိုမိုထိရောက်မှုရှိတဲ့ Alpha Arbutin ကို ပြင်းအား 2% အထိ ထည့်သွင်းထားသောကြောင့် Pigmentation ပြဿနာများကို သိသိသာသာ လျော့ပါးစေပါတယ်။

ဘယ်လိုအာနိသင်တွေ ရရှိစေနိုင်လဲ?

  • Target Dark Spots: ဝက်ခြံကြောင့်ကျန်ခဲ့သော အမဲစက်များ၊ နေလောင်ကွက်များနှင့် အသက်အရွယ်ကြောင့်ဖြစ်သော အစက်အပြောက်များကို မှေးိန်စေပါတယ်။
  • Brightening: မယ်လနင် (Melanin) ထွက်ရှိမှုကို ထိန်းညှိပေးလို့ မျက်နှာအသားအရေကို ပိုမိုလင်းလက်ပြီး ညီညာစေပါတယ်။
  • Delivery System: Hyaluronic Acid (HA) ပါဝင်လို့ အသားအရေကို ရေဓာတ်ဖြည့်ပေးသလို Alpha Arbutin ကို အသားထဲစိမ့်ဝင်မှု ပိုကောင်းအောင် ကူညီပေးပါတယ်။

Texture
ရေကဲ့သို့ ကျဲခြင်းမရှိဘဲ Gel ဆန်ဆန် အနည်းငယ်ပျစ်ပါတယ်။ လိမ်းလိုက်ရင် စေးကပ်သလို ခံစားရနိုင်ပေမယ့် ခဏနေရင် ခြောက်သွေ့သွားပါတယ်။

Glorious Honest Notes:

  • အမဲစက်ကုသခြင်းသည် အချိန်ပေးရပါတယ်။ ဒီ Serum ကို အနည်းဆုံး ၄ ပတ်မှ ၈ ပတ်လောက် စွဲသုံးမှ သိသာသော ရလဒ်ကို မြင်တွေ့ရတတ်ပါတယ်။
  • Color Note: Alpha Arbutin သည် သဘာဝအလျောက် အရောင်အနည်းငယ် ပြောင်းလဲတတ်ပါတယ်။ Serum အရည်သည် အကြည်ရောင်မှ ပန်းရောင် (သို့) အညိုရောင်သမ်းသမ်း ဖြစ်သွားနိုင်သော်လည်း ဆေးအာနိသင်မပျက်ပြယ်ပါ (Official Brand Note)။
  • ဒါက Exfoliator (ကြေးချွတ်ဆေး) မဟုတ်လို့ အသားမလန်ပါဘူး။ Sensitive Skin တွေပါ သုံးနိုင်ပါတယ်။

အသုံးပြုပုံ
မနက်ရော ညပါ အသုံးပြုနိုင်ပါတယ်။ သန့်စင်သောမျက်နှာပေါ်တွင် Drop အနည်းငယ်ချ၍ လိမ်းပေးပါ။ မနက်ခင်းတွင် Sunscreen မဖြစ်မနေ လိမ်းရပါမယ်။

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details