Skip to product information
1 of 3

Babor

Babor Travel Size Cleanformance Moisture Glow Cream 15ml

Babor Travel Size Cleanformance Moisture Glow Cream 15ml

Regular price 30,000 MMK
Regular price 152,000 MMK Sale price 30,000 MMK
Sale Sold out

အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး ချက်ချင်းဆိုသလို စိုပြေတောက်ပတဲ့ "Glow" look ကိုလိုချင်သူများအတွက် Doctor Babor Cleanformance line ရဲ့ လူကြိုက်အများဆုံး Moisturizer ဖြစ်ပါတယ်။ Travel Size ဖြစ်တဲ့အတွက် အစမ်းသုံးကြည့်ချင်သူတွေနဲ့ ခရီးသွားတဲ့အခါ သယ်သွားချင်သူတွေအတွက် အဆင်ပြေပါတယ်။

အဓိက အာနိသင်များ

  • Deep Hydration: Prebiotics နဲ့ Probiotics များပါဝင်လို့ အသားအရေရဲ့ သဘာဝအတားအဆီး (Skin Barrier) ကို ကျန်းမာစေပြီး ရေဓာတ်ကို အကြာကြီးထိန်းထားပေးနိုင်ပါတယ်။
  • Instant Glow: Light-reflecting pigments (အလင်းပြန်စေတဲ့ သဘာဝပစ္စည်းများ) ပါဝင်တာကြောင့် လိမ်းလိုက်တာနဲ့ မျက်နှာကို ချက်ချင်း လင်းလက်တောက်ပသွားစေပါတယ်။
  • Anti-aging Support: Red Maple Bark Extract ပါဝင်လို့ အရေးအကြောင်း အစပြုခြင်းကို ကာကွယ်ပေးပြီး အသားအရေကို တင်းရင်းစေပါတယ်။
  • Clean Beauty: သဘာဝပစ္စည်း (၉၈%) အသုံးပြုထားပြီး Gluten-free, Lactose-free, Silicone-free ဖြစ်ပါတယ်။

ဘယ်သူတွေ သုံးသင့်လဲ?

  • အသားအရေ ခြောက်သွေ့ပြီး ရေဓာတ်လိုအပ်နေသူများ(Dry & Dehydrated Skin)
  • Glass Skin ကဲ့သို့ စိုစိုပြောင်ပြောင် Finish ကို ကြိုက်နှစ်သက်သူများ
  • မိတ်ကပ်မလိမ်းဘဲ သဘာဝအတိုင်း မျက်နှာကို လင်းနေစေချင်သူများ

Glorious Honest Notes:
ဒီ Cream က "Glow Cream" ဆိုတဲ့အတိုင်း လိမ်းလိုက်ရင် Matteဖြစ်သွားမယ့် အမျိုးအစား မဟုတ်ပါဘူး။ မျက်နှာမှာ စိုပြောင်နေမယ့် Finish မြင်ရမှာပါ။ ဒါကြောင့် အရမ်းအဆီပြန်တတ်သူတွေနဲ့ Dewy finish မကြိုက်သူတွေဆိုရင် သဘောကျမှာ မဟုတ်ပါဘူး။ အဆီပြန်ပေမယ့် ရေဓာတ်လိုနေတဲ့ အသားအရေ (Dehydrated Oily Skin) တွေအတွက်တော့ အဆင်ပြေပါတယ်။

အသုံးပြုပုံ:
မနက်ရော ညပါ အသုံးပြုနိုင်ပါတယ်။ မိတ်ကပ်မလိမ်းခင် Primer အနေနဲ့ သုံးမယ်ဆိုရင်လည်း Foundation ကို ပိုပြီး စိုစိုလေး ဖြစ်စေပါတယ်။

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details