Sol De Janeiro
Bom Dia Bright™ Jet Set
Bom Dia Bright™ Jet Set
Couldn't load pickup availability
အသားအရေ မညီမညာဖြစ်တာ၊ Strawberry Skin နဲ့ အသားပတ်တာတွေကို သက်သာစေဖို့ အထူးထုတ်လုပ်ထားတဲ့ Sol de Janeiro ရဲ့ Bom Dia Bright Travel Set လေးဖြစ်ပါတယ်။
ဒီ Set မှာ Sol de Janeiro ရဲ့ နာမည်ကြီး Cheirosa 40 ရနံ့ (Black Amber Plum & Vanilla Woods) ကို အခြေခံထားပြီး အသားအရေကို ညင်သာစွာ ဆဲလ်သေဖယ်ရှားပေးမယ့် Body Care (၃) မျိုး ပါဝင်ပါတယ်။ ခရီးသွားရင်သယ်သွားဖို့ပဲဖြစ်ဖြစ်၊ size အကြီးမဝယ်ခင် စမ်းသုံးကြည့်ချင်သူတွေအတွက်ပဲဖြစ်ဖြစ် အဆင်အပြေဆုံးပါပဲ။
Set ထဲတွင် ပါဝင်သော ပစ္စည်းများ
- Bom Dia Bright™ Clarifying AHA BHA Body Wash (90 mL): Fruit AHAs နဲ့ Salicylic Acid ပါဝင်လို့ ချွေးပေါက်ပိတ်တာတွေကို သက်သာစေပြီး အသားအရေကို ကြည်လင်စေတဲ့ ရေချိုးဆပ်ပြာပါ။ နေ့စဉ်သုံးလို့ရလောက်အောင် နူးညံ့ပါတယ်။
- Bom Dia Bright™ Cream (50 mL): အသားအရေကို ရေဓာတ်ဖြည့်ပေးရုံသာမက Fruit AHAs နဲ့ Vitamin C ပါဝင်လို့ အသားကြမ်းတာတွေကို ချောမွေ့သွားစေပြီး အသားအရောင်ကို ညီညာစေပါတယ်။ စေးကပ်မှုမရှိဘဲ စိမ့်ဝင်လွယ်ပါတယ်။
- Cheirosa 40 Perfume Mist (30 mL): Black Amber Plum၊ Jasmine Blooms နဲ့ Vanilla Woods ရနံ့တွေ ပေါင်းစပ်ထားတဲ့ Warm Floral ရနံ့လေးပါ။ ဆံပင်နဲ့ ခန္ဓာကိုယ်ကို စိတ်ကျေနပ်မှုရစေတဲ့ ရနံ့သင်းသင်းလေး ကျန်ရစ်စေပါတယ်။
ဘယ်သူတွေ သုံးသင့်လဲ?
- အသားအရေ ကြမ်းတမ်းပြီး Texture မညီညာသူများ။
- ကပ်စေးတဲ့ Cream texture တွေကို မကြိုက်ဘဲပေါ့ပါးတာကို ရှာနေသူများ။
- Warm & Sweet ဖြစ်တဲ့ ရနံ့ကို နှစ်သက်သူများ။
Glorious ၏ အကြံပြုချက်
ဒီ set ထဲက Cream နဲ့ Body Wash မှာ AHA/BHA (အက်ဆစ်ပျော့) ပါဝင်တာကြောင့် အသားအရေကို ချောမွေ့စေပေမယ့် နေရောင်ထိတွေ့မှု များမယ်ဆိုရင် Sunscreen လေး ထပ်လိမ်းပေးဖို့ အကြံပြုလိုပါတယ်။ မျက်နှာအတွက် မဟုတ်ဘဲ ခန္ဓာကိုယ်အတွက် သီးသန့်ဖြစ်ပါတယ်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

