Skip to product information
1 of 10

Kiehl's

Calendula Herbal-Extract Toner

Calendula Herbal-Extract Toner

Regular price 280,000 MMK
Regular price Sale price 280,000 MMK
Sale Sold out
Size

၁၉၆၀ ခုနှစ်များကတည်းက စတင်ထုတ်လုပ်ခဲ့ပြီး ယနေ့ထိ Kiehl's ရဲ့ အရောင်းရဆုံး နံပါတ် (၁) Toner အဖြစ် ရပ်တည်နေပါတယ်။ Alcohol လုံးဝမပါဝင်ဘဲ Calendula ပန်းပွင့်ဖတ် အစစ်များဖြင့် ပြုလုပ်ထားသောကြောင့် ထိခိုက်လွယ်သော အသားအရေများကို ငြိမ်သွားစေရန် အထူးကောင်းမွန်ပါတယ်။

အဓိကအာနိသင်များ

  • Soothing & Calming: မျက်နှာ အသားအရေ နီရဲခြင်း၊ ယားယံခြင်း နှင့် Sensitive ဖြစ်ခြင်းများကို သိသာစွာ လျော့ပါးသက်သာစေပါတယ်။
  • Oil Control: မျက်နှာအဆီပြန်ခြင်းကို ထိန်းညှိပေးပြီး ချွေးပေါက်များကို သန့်စင်စေပါတယ်။
  • Alcohol-Free: Alcohol (အရက်ပြန်) လုံးဝမပါဝင်သောကြောင့် အသားအရေကို ခြောက်သွေ့ပြာနှမ်းသွားခြင်း မရှိစေဘဲ နူးညံ့စေပါတယ်။

ဘယ်သူတွေသုံးသင့်လဲ

  • Normal to Oily Skin (သာမန်မှ အဆီပြန်သော အသားအရေ)
  • Sensitive Skin (ထိခိုက်လွယ်သော အသားအရေ)
  • Acne-Prone Skin (ဝက်ခြံထွက်လွယ်သူများ - အထူးသဖြင့် ဝက်ခြံကြောင့် ရောင်ရမ်းနီမြန်းနေသူများ)

Glorious Honest Notes

  • ပုလင်းထဲမှာ Calendula ပန်းပွင့်ဖတ် အစစ်တွေကို မြင်တွေ့ရမှာပါ။ ဒါက သဘာဝပန်းပွင့်တွေဖြစ်လို့ စိတ်ချလက်ချ သုံးနိုင်ပါတယ်။
  • ဒါက Exfoliating Toner (Acid ပါသော Toner) မဟုတ်ပါဘူး။ အသားအရေကို ပြန်ငြိမ်စေတဲ့ (Soothing) Toner သီးသန့်ဖြစ်လို့ နေ့စဉ် မနက်/ည သုံးလို့ရပါတယ်။ ယောကျာ်းလေးတွေ မုတ်ဆိတ်ရိတ်ပြီး သုံးရင်လည်း အဆင်ပြေပါတယ်။

အသုံးပြုပုံ
မျက်နှာသစ်ပြီးချိန်တွင် ဂွမ်း (Cotton Pad) ဖြင့်ယူ၍သော်လည်းကောင်း၊ လက်ဝါးထဲထည့်၍သော်လည်းကောင်း မျက်နှာပြင်တစ်ပြင်လုံးကို ပုတ်လိမ်းပေးပါ။

  • PAO -(12M)

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details