Skip to product information
1 of 7

Clinique

Clarifying Lotion 2

Clarifying Lotion 2

Regular price 172,000 MMK
Regular price 86,500 MMK Sale price 172,000 MMK
Sale Sold out
Size

Clinique ရဲ့ နာမည်ကြီး 3-Step System မှာ Step 2 ဖြစ်တဲ့ Clarifying Lotion 2 လေးက ရေဓာတ်ဖြည့်ပေးတဲ့ Hydrating Toner မဟုတ်ပါဘူး။ ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့ Liquid Exfoliator (အညစ်အကြေးသန့်စင်ဆေးရည်) ဖြစ်ပါတယ်။ အထူးသဖြင့် Dry Combination Skin (T-zone အနည်းငယ်အဆီပြန်ပြီး ပါးပြင်ခြောက်သူများ) အတွက် သီးသန့်ထုတ်လုပ်ထားတာပါရှင့်

ဘယ်လိုအာနိသင်ရနိုင်လဲ?

  • Deep Clean: မျက်နှာသစ်ပြီး ကျန်နေသေးတဲ့ အညစ်အကြေး၊ အဆီနဲ့ ဆဲလ်သေတွေကို ဂွမ်းနဲ့ သန့်စင်လိုက်တဲ့အခါ ပါသွားစေပါတယ်။
  • Better Absorption: ဆဲလ်သေတွေ ဖယ်ရှားလိုက်တဲ့အတွက် နောက်ထပ်လိမ်းမယ့် Moisturizer က အရေပြားထဲ ပိုစိမ့်ဝင်လွယ်စေပါတယ်။
  • Pores: ချွေးပေါက်တွေကို သန့်စင်ပေးလို့ ချွေးပေါက်ကျဉ်းစေပြီး အသားအရေကို ကြည်လင်လန်းဆန်းစေပါတယ်။

Texture & Scent
အရည်ကျဲ (Watery texture) ဖြစ်ပြီး လိမ်းလိုက်ရင် အေးမြတဲ့ ခံစားမှု (Cooling sensation) ကို ပေးပါတယ်။ Alcohol Denat နဲ့ Menthol ပါဝင်လို့ ဆေးရနံ့ သင်းသင်းလေး ရှိနိုင်ပါတယ်။

ဘယ်သူတွေသုံးသင့်လဲ?

  • T-zone (နဖူး၊ နှာခေါင်း) အဆီပြန်ပြီး ပါးပြင်ဘက် ခြောက်သွေ့သူများ (Type 2 Skin)။
  • မျက်နှာသစ်ပြီးတာတောင် မသန့်သလို ခံစားရသူများ။
  • Skincare လိမ်းရင် စိမ့်မဝင်ဘဲ မျက်နှာပေါ် တင်နေသလို ခံစားရသူများ။

အသုံးပြုနည်း

  1. မနက် တစ်ကြိမ်၊ ည တစ်ကြိမ် မျက်နှာသစ်ပြီးတိုင်း သုံးနိုင်ပါတယ်။
  2. ဂွမ်း (Cotton Pad) ပေါ်မှာ အရည်ရွှဲအောင် ဆွတ်ပါ။
  3. မျက်နှာနဲ့ လည်ပင်းကို ဖွဖွလေး တစ်ကြိမ်သာ ပွတ်ဆွဲပြီး သုတ်ပေးပါ (အတင်း ဖိပွတ်စရာ မလိုပါဘူး)။
  4. မျက်လုံးနားတဝိုက်ကို ရှောင်ပေးပါ။ ပြီးရင် Moisturizer ဆက်လိမ်းပါ။

Glorious Honest Note
Alcohol ပါဝင်မှုနှုန်း မြင့်မားပါတယ်။ ဒါက Clinique ရဲ့ Signature ဖြစ်ပြီး အသားကို ပိုးသတ်သန့်စင်ပေးပြီး အေးမြစေဖို့ပါ။ ဒါပေမဲ့ အသားအရေ အရမ်းပါးသူတွေ၊ Alcohol နဲ့ မတည့်သူတွေ၊ အသားပတ်/အသားလန်နေသူတွေဆိုရင် စပ်ဖျင်းဖျင်း ဖြစ်နိုင်လို့ ရှောင်သင့်ပါတယ်။ ပုံမှန် Combination skin သမားတွေအတွက်တော့ အလွန် refresh ဖြစ်စေပါတယ်။

 

PAO-(24M)

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details