Skip to product information
1 of 3

Nars

Climax Mascara Mini

Climax Mascara Mini

Regular price 54,000 MMK
Regular price Sale price 54,000 MMK
Sale Sold out

NARS ရဲ့ နာမည်ကြီး Bestseller ဖြစ်တဲ့ Climax Mascara ကိုမှ အစမ်းသုံးကြည့်ချင်သူတွေနဲ့ ခရီးဆောင်သယ်ချင်သူတွေအတွက် ထုတ်ထားတဲ့ Mini Size ဖြစ်ပါတယ်။ မျက်တောင်ကို သိသိသာသာ ထုထည် (Volume) ရစေပေမယ့် လေးလံတာ၊ တောင့်တင်းတာဖြစ်မသွားဘဲ ပေါ့ပါးတဲ့ခံစားမှုကို ပေးနိုင်တဲ့ Mascara ဖြစ်ပါတယ်။

ဘာကြောင့် Glorious က ရွေးချယ်သလဲ?

  • Wholesome Volume: မျက်တောင်တို၊ မျက်တောင်ပါးတဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ "Ribbed Bristles" လို့ခေါ်တဲ့ Brush အမွှေးဒီဇိုင်းက မျက်တောင်တစ်ချောင်းချင်းစီကို အမြစ်ကနေဖမ်းယူပြီး Volume ထူထူလေးရစေပါတယ်။
  • Whipped Lash Moisture Complex: Mascara သုံးလိုက်ရင် မျက်တောင်ကြီးက မာတောင့်တောင့်ကြီး (Stiff) ဖြစ်သွားတာမျိုး လုံးဝမဖြစ်ပါဘူး။ Creamy ဖြစ်တဲ့ Formula ကြောင့် မျက်တောင်က ပျော့ပျောင်းပြီး Feathery look လေးရစေပါတယ်။
  • Smudge-Resistant (Not Waterproof): ပုံမှန်အခြေအနေမှာ ပြန့်တာ၊ မျက်လုံးအောက်မဲတာမျိုးမဖြစ်အောင် ထိန်းပေးနိုင်ပါတယ်။

ဘယ်သူတွေအတွက်လဲ?

  • မျက်တောင်ပါးလို့ ထုထည်လိုချင်သူများ။
  • Mascara ဆိုးထားပေမယ့် မျက်လုံးလေးလံတာမျိုးမကြိုက်ဘဲ သဘာဝကျကျ ပေါ့ပေါ့ပါးပါးနေချင်သူများ။
  • Full Size မဝယ်ခင် Formula ကို အရင်စမ်းသုံးကြည့်ချင်သူများ။

အသုံးပြုနည်း

  1. မျက်တောင်အမြစ်နားကနေစပြီး အပေါ်ဘက်ကို Zig-zag ပုံစံဆွဲတင်ပါ။
  2. ပိုပြီးထူချင်ရင် တစ်ထပ်ခြောက်အောင်စောင့်ပြီး နောက်တစ်ထပ် ထပ်ဆိုးနိုင်ပါတယ် (Buildable)။

Glorious Honest Note
ဒါက Waterproof (ရေစိုခံ) formula မဟုတ်ပါဘူး။ ဒါကြောင့် အရမ်းပူအိုက်တဲ့ရက်တွေ၊ ချွေးအရမ်းထွက်တတ်သူတွေနဲ့ မျက်ခွံအရမ်းအဆီပြန်တတ်သူ (Very Oily Lids) တွေဆိုရင်တော့ ကြာလာရင် မျက်လုံးအောက်နည်းနည်းရိပ်တာမျိုး ဖြစ်နိုင်ပါတယ်။ Waterproof ဖြတ်ရခက်တာမျိုးမကြိုက်ဘဲ နေ့စဉ် ရုံးသွား၊ ကျောင်းသွား ပေါ့ပေါ့ပါးပါးဆိုးချင်သူတွေအတွက် ပိုအဆင်ပြေပါတယ်။

 

PAO-(6M)

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details