Skip to product information
1 of 5

Charlotte Tilbury

Collagen Lip Bath Gloss

Collagen Lip Bath Gloss

Regular price 160,000 MMK
Regular price 218,000 MMK Sale price 160,000 MMK
Sale Sold out
Color

Charlotte Tilbury ရဲ့ နာမည်ကြီး Collagen Lip Bath လေးဟာ နှုတ်ခမ်းသားကို ရေဓာတ်ဖြည့်ပေးပြီး ပိုမိုပြည့်ဖြိုး (Plump) သွားစေတဲ့ နှုတ်ခမ်းဆိုးဆေး (Gloss) လေး ဖြစ်ပါတယ်။ Marine Collagen နဲ့ Peppermint Extract လေးတွေ ပါဝင်လို့ ဆိုးလိုက်တဲ့အခါ အေးအေးလေးနဲ့ နှုတ်ခမ်းသားကို သဘာဝအတိုင်း ဖူးဖူးလေး ဖြစ်သွားစေပါတယ်။

Coverage & Finish

  • Coverage: Sheer (အရောင်နုနုလေးနဲ့ သဘာဝကျကျ လှစေပါတယ်။ နှုတ်ခမ်းရဲ့ မူလအရောင်အပေါ် မူတည်ပြီး အရောင်ထွက် ကွာခြားနိုင်ပါတယ်။ )
  • Finish: Dewy (မှန်လို ကြည်လင်တောက်ပတဲ့ High-shine လေး ဖန်တီးပေးပါတယ်။)

ဘယ်သူတွေအတွက် သင့်တော်လဲ (Who it's for)

  • နှုတ်ခမ်းသား ခြောက်သွေ့လို့ အမြဲစိုအိနေစေချင်သူတွေ။
  • နှုတ်ခမ်းသား ပါးပြီး ဖူးဖူးလေး (Plump effect) လိုချင်သူတွေ။
  • နေ့စဉ် (Daily Wear) သဘာဝအတိုင်း လှချင်သူတွေနဲ့၊ တခြား နှုတ်ခမ်းနီပေါ်ကနေ အလှဆင်ဖို့ (Events & Photos) သုံးချင်သူတွေအတွက် အဆင်ပြေပါတယ်။

အသုံးပြုပုံ (How to use)
သူ့ရဲ့ ထူးခြားပြည့်စုံတဲ့ Heart-shaped (အသည်းပုံ) Applicator လေးနဲ့ နှုတ်ခမ်းအပေါ် တိုက်ရိုက်ဆိုးပေးလို့ရပါတယ်။ နှုတ်ခမ်းနီ (Matte) တွေ ဆိုးပြီးတဲ့အခါ နှုတ်ခမ်းအလယ်ဗဟိုမှာ အနည်းငယ် ပွတ်ဆွဲပေးရင်လည်း ပိုပြီး ပြည့်ဖြိုးတဲ့ Effect ကို ရရှိစေပါတယ်။

ရိုးသားစွာ အကြံပြုချက် (Honest Notes)

  • Peppermint ပါဝင်လို့ ဆိုးစလောက်မှာ အေးပြီး (tingling) ခံစားရတတ်ပါတယ်။ ဒါဟာ Plumping Effect ကြောင့်ဖြစ်တဲ့ ပုံမှန်ဖြစ်စဉ်ပါ။
  • နှုတ်ခမ်းအရမ်း Sensitive ဖြစ်ပြီး Mint အေးတဲ့ဒဏ်၊ ဒါမှမဟုတ် သင်းပျံ့တဲ့ ရနံ့တွေနဲ့ မတည့်ဘူးဆိုရင်တော့ ရှောင်ပေးပါနော်။
  • PAO -(12M)

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details