Skip to product information
1 of 3

Charlotte Tilbury

Wonderglow Face Primer

Wonderglow Face Primer

Regular price 250,000 MMK
Regular price 324,000 MMK Sale price 250,000 MMK
Sale Sold out
Size

အသားအရေ ညစ်နွမ်းပြီး ပင်ပန်းနေသလိုဖြစ်နေရင် ချက်ချင်း အားပြန်ဖြည့်ပေးမယ့် Charlotte Tilbury ရဲ့ နာမည်ကြီး Primer လေးဖြစ်ပါတယ်။ ဒါဟာ Primer သက်သက်တင်မဟုတ်ဘဲ အသားအရေကို ကြည်လင်တောက်ပစေတဲ့ "Beauty Flash" တစ်ခုလို့တောင် တင်စားကြပါတယ်။

ဘာတွေထူးခြားလဲ?

  • Instant Soft-Focus Effect: အလင်းရောင်ကို ဖြန့်ကျက်ပေးတဲ့ (Light-reflecting microspheres) ပါဝင်လို့ မျက်နှာပေါ်က အရေးအကြောင်းနဲ့ အပြစ်အနာအဆာတွေကို ဝါးသွားစေပြီး ဓာတ်ပုံရိုက်ရင် Filter ခံထားသလို နူးညံ့တဲ့အသွင်ကို ရစေပါတယ်။
  • Skin Care Benefits: BioNymph Peptide, Hyaluronic Acid နဲ့ Rosehip Oil တို့ပါဝင်လို့ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး နူးညံ့စေပါတယ်။
  • Multi-Use: Foundation မလိမ်းခင် Primer အနေနဲ့ သုံးမလား၊ မိတ်ကပ်မလိမ်းဘဲ ဒါလေးတစ်ခုတည်း သုံးပြီး "No-Makeup Look" ရယူမလား၊ မိတ်ကပ်လိမ်းပြီးမှ ပါးမိုးတွေပေါ်မှာ Highlighter အနေနဲ့ ထပ်ဖြည့်မလား စိတ်ကြိုက်သုံးနိုင်ပါတယ်။

Finish & Texture:
ရွှေရောင်သန်းတဲ့ အရည်ကျဲကျဲ Texture ဖြစ်ပြီး လိမ်းလိုက်ရင် စေးကပ်မနေဘဲ သဘာဝအတိုင်း Dewy ဖြစ်တဲ့ Glow ကို ရရှိစေပါတယ်။

ဘယ်သူတွေအတွက်လဲ?

  • အသားအရေ ခြောက်သွေ့သူ၊ ပုံမှန်အသားအရေရှိသူများ (Dry/Normal Skin)။
  • အိပ်ရေးပျက်ထားလို့ မျက်နှာမလန်းဆန်းသူများ။
  • Matte ဖြစ်လွန်းတဲ့ မိတ်ကပ်ပုံစံ မကြိုက်သူများ။

အသုံးပြုပုံ:
Moisturizer လိမ်းပြီးနောက် မျက်နှာတစ်ပြင်လုံး (သို့မဟုတ်) လင်းလက်စေချင်တဲ့ နေရာတွေကို လိမ်းပေးပါ။ ပြီးမှ Foundation ဆက်လိမ်းနိုင်ပါတယ်။

Glorious Honest Note:
ဒါဟာ Coverage  ပေးတဲ့ ပစ္စည်းမဟုတ်ပါဘူး။ အသားအရေကို လင်းလက်တောက်ပစေဖို့ (Radiance) သီးသန့်ထုတ်ထားတာပါ။ အဆီအရမ်းပြန်တတ်သူ (Very Oily Skin) တွေဆိုရင်တော့ T-Zone နေရာတွေမှာ ရှောင်သုံးတာ သို့မဟုတ် Powder သေချာပုတ်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ ချွေးပေါက်အရမ်းကျယ်သူတွေမှာ မိတ်ကပ်သားနည်းနည်း ပေါ်တတ်ပါတယ်။

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details