Dior
Dior Addict Lip Maximizer mini
Dior Addict Lip Maximizer mini
Couldn't load pickup availability
Dior ရဲ့ အကျော်ကြားဆုံးနဲ့ အရောင်းရဆုံးဖြစ်တဲ့ Dior Addict Lip Maximizer နှုတ်ခမ်းဆိုးဆေး (Gloss) သေးသေးလေး (Mini Size) ဖြစ်ပါတယ်။ Hyaluronic Acid နဲ့ Cherry Oil ပါဝင်လို့ နှုတ်ခမ်းသားကို ရေဓာတ်ပြည့်ဝစေပြီး ကြည့်လိုက်တာနဲ့ သဘာဝအတိုင်း ဖူးဖူးလေး (Plump) ဖြစ်သွားစေပါတယ်။ 001 Pink အရောင်လေးဟာ လူကြိုက်အများဆုံး အရောင်ဖြစ်ပြီး သဘာဝပန်းနုရောင် သဲ့သဲ့လေး ထွက်ပါတယ်။ Mini size လေးမို့ အပြင်သွားတဲ့အခါ အိတ်ထဲအလွယ်တကူ ဆောင်သွားလို့ အရမ်းကောင်းပါတယ်။
Coverage & Finish
- Coverage: Sheer (အရောင်ထွက် အရမ်းနုပါတယ်။ နှုတ်ခမ်းပေါ်တင်လိုက်ရင် စိုစိုကြည်ကြည်လေးနဲ့ ပန်းရောင်သဲ့သဲ့လေးသာ ထွက်ပါတယ်။)
- Finish: Dewy (မှန်လို ကြည်လင်တောက်ပတဲ့ High-shine လေး ဖန်တီးပေးပါတယ်။)
ဘယ်သူတွေအတွက် သင့်တော်လဲ (Who it's for)
- နှုတ်ခမ်းသား ခြောက်သွေ့လို့ အမြဲစိုအိနေစေချင်သူတွေ။
- နှုတ်ခမ်းသား ပါးပြီး သဘာဝကျကျ ဖူးဖူးအိအိလေး (Plump effect) လိုချင်သူတွေ။
- အိတ်အသေးလေးတွေနဲ့ သယ်သွားဖို့ (Mini size) သက်တောင့်သက်သာဖြစ်မယ့် ပစ္စည်းရှာနေသူတေွနဲ့ ပထမဆုံး စမ်းသုံးကြည့်ချင်သူတွေ (Beginner Friendly)။
- နေ့စဉ် (Daily Wear) သဘာဝအတိုင်း လှချင်သူတွေ။
အသုံးပြုပုံ (How to use)
သူ့ချည်းပဲ သီးသန့်ဆိုးရင် သဘာဝအတိုင်း စိုစိုကြည်ကြည်လေးနဲ့ လှစေပါတယ်။ တခြား နှုတ်ခမ်းနီ မဆိုးခင် Moisturizer / Primer အနေနဲ့ အရင်ဆိုးပြီး ပိုနေတာကို ပြန်သုတ်ကာ အသုံးပြုလို့ရသလို၊ ကိုယ်ကြိုက်တဲ့ နှုတ်ခမ်းနီပေါ်ကနေ Top Coat အနေနဲ့ ထပ်ဆိုးပြီး Plumping Effect လေး ယူလို့လည်း ရပါတယ်။
ရိုးသားစွာ အကြံပြုချက် (Honest Notes)
- နှုတ်ခမ်းကို ဖူးစေတဲ့ (Plumping effect) ပါဝင်လို့ ဆိုးလိုက်တဲ့အခါ မင့် (Mint) အေးအေးလေးနဲ့ အနည်းငယ် စပ်ကျဉ်ကျဉ် (tingling) ခံစားရတတ်ပါတယ်။ ဒါဟာ ပုံမှန်ပါပဲ။
- 001 Pink က အရောင်ထွက် အရမ်းနုတာမို့ နှုတ်ခမ်းအရောင် ရင့်တဲ့သူတွေ အသုံးပြုရင် Clear Gloss (အရောင်မပါတဲ့ Gloss) ဆိုးထားသလိုမျိုး ပိုထွက်တတ်ပါတယ်နော်။
- Mini Size (အသေးစားလေး) ဖြစ်လို့ ပမာဏ နည်းပါမယ်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

