Color Wow
Dream Coat for Curly Hair
Dream Coat for Curly Hair
Couldn't load pickup availability
ကမ္ဘာကျော် Color Wow ရဲ့ နာမည်ကြီး Dream Coat လိုင်းထဲကမှ သဘာဝဆံပင်ကောက်သူ/တွန့်သူတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ချောမွေ့တောက်ပစေသော Styling Spray လေးရဲ့ 75ml (အသေးစား) လေးဖြစ်ပါတယ်။ ဆံပင်ကောက်သူတွေ သုံးလေ့ရှိတဲ့ Gel တွေ၊ Cream အလေးကြီးတွေ၊ Serum တွေ အများကြီးသုံးစရာမလိုဘဲ ဒီ Spray တစ်မျိုးတည်းနဲ့တင် ဆံသားကို အိကျပြီး ပုံကျလှပတဲ့ ကောက်ကြောင်းလေးတွေ ရရှိစေပါတယ်။
Coverage (အရောင်ထွက်အား)
- Sheer (Haircare ဖြစ်လို့ အရောင်မထွက်ဘဲ ဆံသားကို ကြည်လင်တောက်ပတဲ့ အလွှာပါးလေး ဖုံးအုပ်ပေးပါတယ်။)
Finish (အသားပေးမှု)
- Natural (Gel တွေ သုံးထားသလို ဆံပင်တွေ မာတောင့်တောင့်ကြီးနဲ့ ကပ်မနေဘဲ (Crunch-free) သဘာဝအတိုင်း ပျော့ပျောင်းအိကျပြီး တောက်ပတဲ့ Finish ကို ရရှိစေပါတယ်။)
Who it's for (ဘယ်သူတွေအတွက် သင့်တော်လဲ)
- သဘာဝဆံပင် တွန့်တဲ့သူတွေ၊ ကောက်တဲ့သူတွေ (Wavy & Curly Hair)။
- ဆံပင်ပုံသွင်းရင် Gel နဲ့ Cream တွေကြောင့် ဆံသားလေးလံပြီး စေးကပ်ကပ်ဖြစ်တာကို မကြိုက်သူတွေ။
- ပူအိုက်စွတ်စိုတဲ့ ရာသီဥတုမှာ ဆံပင်တွေ ဖွာလန်ကြဲမသွားအောင် ထိန်းသိမ်းချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။
How to use (ဘယ်လိုအသုံးပြုရမလဲ)
- ခေါင်းလျှော်ပြီးနောက် ဆံပင်ရေစိုနေချိန် (သို့) မခြောက်တခြောက် အချိန်မှာ Spray ကို ဆံသားအနှံ့ လုံလောက်စွာ ဖျန်းပေးပါ။
- Original Dream Coat လိုမျိုး အပူပေးစရာ / Hair Dryer နဲ့ မှုတ်စရာ လုံးဝ မလိုပါဘူး။ Spray ဖျန်းပြီးတာနဲ့ သဘာဝအတိုင်း အခြောက်ခံ (Air dry) လိုက်ရုံပါပဲ။ (ပိုမြန်ချင်ရင် Diffuser ခေါင်းတပ်ပြီး dryer မှုတ်ပေးလို့ ရပါတယ်။
- PAO -(12M)
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

