Sigma
E21 SMUDGE BRUSH
E21 SMUDGE BRUSH
Couldn't load pickup availability
Eye makeup လိမ်းခြယ်တဲ့အခါ Eyeliner (သို့) Eyeshadow ကို အနားသတ်မျဉ်းကြောင်းတွေ ပြတ်နေတာမျိုးမဖြစ်စေဘဲ သဘာဝကျကျ မှုန်၀ါးသွားအောင် (Smudge လုပ်ဖို့) အထူးထုတ်လုပ်ထားတဲ့ Brush လေးဖြစ်ပါတယ်။
ဘာကြောင့် Glorious က ရွေးချယ်တာလဲ?
ဒီ brush က အမွေးအမျှင်လေးတွေ တိုပြီး ကျစ်လစ်သိပ်သည်း (Short and dense) တာကြောင့် ခဲတံ (Pencil Liner) နဲ့ဆွဲထားတဲ့ eyeliner တွေကို ပြန်ဖြန့်ဖို့ အကောင်းဆုံးပါပဲ။ မျက်လုံးအောက်နား (Lower Lash Line) မှာ Eyeshadow ထည့်တဲ့အခါမှာလည်း ပွမသွားဘဲ နေရာတိကျစွာ ထည့်သွင်းနိုင်ပါတယ်။
အဓိကအချက်များ:
- Function: Eyeliner နဲ့ Lash line တလျှောက်ကို ပျော့ပျောင်းသွားအောင် Smudge လုပ်ပေးခြင်း။
- Fibers: SigmaTech® synthetic fibers ကိုအသုံးပြုထားလို့ နူးညံ့ပြီး Cream ရော Powder texture တွေနဲ့ပါ အဆင်ပြေပါတယ်။
- Short & Round Head: ခေါင်းပိုင်း တိုပြီး ၀ိုင်းနေတာက Color ကို စုပ်ယူမှုအားကောင်းစေသလို၊ လိုချင်တဲ့နေရာကို တိတိကျကျ ထည့်သွင်းနိုင်ပါတယ်။
ဘယ်သူတွေသုံးသင့်လဲ?
- Smoky Eye look ကို ကြိုက်နှစ်သက်သူများ။
- Eyeliner ဆွဲတဲ့အခါ မျဉ်းကြောင်းကြီး တိတိကြီးဖြစ်နေတာကို မကြိုက်ဘဲ soft ဖြစ်ချင်သူများ။
- မျက်လုံးအောက် (Lower lash line) မိတ်ကပ်လိမ်းရတာ ခက်ခဲနေသူများ။
Glorious Honest Note:
ဒါဟာ Blending Brush အကြီးစားမဟုတ်ပါဘူး။ ဧရိယာအကျယ်ကြီးကို ဖြန့်ဖို့ထက်၊ မျက်တောင်အနားသတ် လိုင်းသေးသေးလေးတွေကိုပဲ ပိုပြီး professional ဆန်အောင် ပြုလုပ်ပေးမယ့် "Detail Brush" သဘောမျိုးပါ။ တကယ်လို့ မျက်ခွံတစ်ခုလုံးကို blend လုပ်ချင်ရင်တော့ E25 (သို့) E40 လိုမျိုးကို ရွေးချယ်သင့်ပါတယ်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

