Skip to product information
1 of 9

HUDA BEAUTY

Easy Bake Blurring Loose Baking & Setting Powder

Easy Bake Blurring Loose Baking & Setting Powder

Regular price 250,000 MMK
Regular price 295,500 MMK Sale price 250,000 MMK
Sale Sold out
Color

မိတ်ကပ်လောကတွင် "Baking" ပြုလုပ်ခြင်း၏ ဘုရင်မအဖြစ် သတ်မှတ်ခံထားရသော Huda Beauty ၏ Cult-favorite Loose Powder ဖြစ်ပါတယ်။ Huda Kattan ကိုယ်တိုင် ဖန်တီးထားသော Formula ဖြစ်ပြီး မိတ်ကပ်သားကို တစ်နေ့ကုန် မရွေ့မပျက်အောင် (Lock) ချထားနိုင်စွမ်း ရှိပါတယ်။

ဘာတွေထူးခြားလဲ?

  • Ultimate Blur: မျက်နှာပေါ်ရှိ ချွေးပေါက်များနှင့် အရေးအကြောင်းများကို လုံးဝ (Blur) လုပ်ပေးနိုင်ပြီး ဓာတ်ပုံရိုက်လျှင် Filter ခံထားသကဲ့သို့ ချောမွတ်စေပါတယ်။
  • Long-Lasting Matte: အဆီပြန်ခြင်းနှင့် ချွေးထွက်ခြင်းကို အပြင်းအထန် ကာကွယ်ပေးနိုင်ပြီး မိတ်ကပ်ကို ၁၀ နာရီကျော်ကြာအောင် Matte အဖြစ် ထိန်းထားပေးပါတယ်။
  • No Flashback: ဓာတ်ပုံရိုက်လျှင် Flash ပြန်ပြီး မျက်နှာကြီး ဖြူဖွေးသွားခြင်း လုံးဝမဖြစ်ပါ။
  • Hint of Color: အရောင်လုံးဝမပါတာမျိုးမဟုတ်ဘဲ အရောင်နုနုလေးပါဝင်လို့ မျက်နှာကို ပိုလင်းစေပြီး (Brightening) မျက်ကွင်းညိုတာတွေကိုပါ သက်သာစေပါတယ်။

ဘယ်သူတွေအတွက်လဲ?

  • မြန်မာနိုင်ငံလို ပူအိုက်သည့် ရာသီဥတုတွင် မိတ်ကပ် လုံးဝမပျက်ချင်သူများ။
  • မျက်လုံးအောက် ညိုမည်းတတ်ပြီး Coverage ကောင်းကောင်းလိုချင်သူများ။
  • Full coverage နှင့် Glamour ဆန်သည့် မိတ်ကပ်ပြင်ဆင်မှုကို နှစ်သက်သူများ။

Glorious Honest Notes
ဒီ Powder မှာ Huda ၏ Signature ဖြစ်သော ပန်းရနံ့ (Floral Scent) တော်တော်လေး ပါဝင်ပါတယ်။ အနံ့ပြင်းတာ မကြိုက်သူများ၊ ရေမွှေးနံ့နှင့် ဓာတ်မတည့်သူများ သတိပြုသင့်ပါတယ်။ Texture က အနည်းငယ်ထူတဲ့အတွက် "Natural No-Makeup Look" ထက်စာရင် ပွဲတက်မိတ်ကပ်၊ မိတ်ကပ်အပြည့်လိမ်းတဲ့ ပုံစံတွေနဲ့ ပိုလိုက်ဖက်ပါတယ်။ အသားအရမ်းခြောက်သူများ (Very Dry Skin) အတွက်ဆိုရင်တော့ နည်းနည်းလေး ခြောက်သွေ့နိုင်ပါတယ်။

How to Use
"Baking" ပြုလုပ်ရန်အတွက် - Powder ကို Puff သို့မဟုတ် Sponge အသုံးပြုပြီး မျက်လုံးအောက်၊ မေးစေ့နှင့် T-zone နေရာများတွင် ထူထူလေး ပုံထားပါ။ ၃ မိနစ်မှ ၅ မိနစ်ခန့်ထားပြီးမှ Brush ဖြင့် ပိုနေသောအမှုန်များကို ဖယ်ရှားပါ။ (ပုံမှန်သုံးလိုပါက Brush ဖြင့် ပါးပါးလေး ယူပြီး သုံးနိုင်ပါတယ်)။

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details