Skip to product information
1 of 5

Huda

Empowered Eyeshadow Palette

Empowered Eyeshadow Palette

Regular price 354,500 MMK
Regular price 594,500 MMK Sale price 354,500 MMK
Sale Sold out

နေ့စဉ်သုံးဖို့အတွက်ရော၊ ပွဲနေပွဲထိုင်အတွက်ပါ ပြီးပြည့်စုံတဲ့ All-in-one Eyeshadow Palette တစ်ခုကို ရှာနေတယ်ဆိုရင် Huda Beauty ရဲ့ Empowered Palette က အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါပဲ။ ရွှေရောင်၊ ကြေးနီရောင် (Copper) နဲ့ Brown Tone တွေကို အဓိကထားပြီး ဖန်တီးထားတာကြောင့် အာရှသူတွေရဲ့ အသားအရေနဲ့ အလွန်လိုက်ဖက်မှုရှိပါတယ်။

ဘာတွေထူးခြားလဲ?

  • 18 Shades in 1: နူးညံ့တဲ့ Matte အရောင်တွေအပြင်၊ Gel-liner အဖြစ်သုံးလို့ရတဲ့ Hybrid Texture တွေနဲ့၊ Wet-look ရစေမယ့် Shimmer အပျော့သားတွေ စုံလင်စွာပါဝင်ပါတယ်။
  • Pigmentation: Huda Beauty ရဲ့ Signature အတိုင်း အရောင်ထွက် (Pigment) အလွန်ကောင်းပြီး Blending လုပ်ရတာ လွယ်ကူပါတယ်။
  • Versatile: ရိုးရှင်းတဲ့ Daily Look ကနေ ဆွဲဆောင်မှုရှိတဲ့ Night Out Look အထိ ပုံစံမျိုးစုံ ဖန်တီးနိုင်ပါတယ်။

Texture & Finish

  • Mattes: နူးညံ့ပြီး မှုန့်လွင့်မှုနည်းတဲ့ အသား။
  • Gel-Hybrid Eyeliner Shadows: Eyeliner အဖြစ်ပါ သုံးနိုင်တဲ့ Creamy အသား (အနက်ရောင် နှင့် အညိုရောင်)။
  • Metallics & Shimmers: လက်ချောင်းလေးနဲ့တို့လိုက်ရုံနဲ့ တောက်ပသွားစေမယ့် "Crushed Flake" texture များ။

အသုံးပြုပုံ အကြံပြုချက်

  • Matte အရောင်များကို Brush ဖြင့်ယူပြီး မျက်ခွံပေါ်တွင် Blend လုပ်ပါ။
  • Metallic နှင့် Shimmer အရောင်များကို ပိုမိုတောက်ပလိုပါက လက်ချောင်းထိပ် (သို့) Setting Spray ဖြန်းထားသော Brush ဖြင့် အသုံးပြုပါ။
  • Gel-Hybrid Eyeliner အရောင်များကို Eyeliner Brush အသေးဖြင့် ယူပြီး မျက်လုံးအနားကွပ်ရာတွင် သုံးနိုင်သလို Eyeshadow Base အဖြစ်လည်း သုံးနိုင်ပါတယ်။

Glorious Honest Note
ဒီ Palette မှာပါတဲ့ Creamy Texture နဲ့ Shimmer အချို့က အနည်းငယ် ပျော့ပြောင်းတဲ့အတွက် မျက်လုံးမိတ်ကပ်အရင်ပြင်ပြီးမှ Foundation လိမ်းတာက ပိုစိတ်ချရပါတယ်။ မျက်ခွံအရမ်းအဆီပြန်တတ်ရင် Eye Primer ခံပြီးမှ သုံးဖို့ အကြံပေးချင်ပါတယ်

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details