Skip to product information
1 of 6

Nyx

Fat Oil Lip Drip Lip Oil Duo

Fat Oil Lip Drip Lip Oil Duo

Regular price 70,000 MMK
Regular price 118,000 MMK Sale price 70,000 MMK
Sale Sold out
Color

NYX ရဲ့ နာမည်ကြီး အရောင်းရဆုံးဖြစ်တဲ့ Fat Oil Lip Drip နှုတ်ခမ်းဆိုးဆေးအဆီကို ၂ ချောင်းပါ (Duo set) အနေနဲ့ ထုတ်ထားတဲ့ အထုပ်လေးဖြစ်ပါတယ်။ သူ့မှာ Vegan Squalane, Cloudberry Oil နဲ့ Raspberry Oil စတဲ့ အဆီအနှစ်တွေ ပါဝင်လို့ နှုတ်ခမ်းသားကို ၁၂ နာရီအထိ ရေဓာတ်ကြာရှည်စွာ ဖြည့်တင်းပေးပါတယ်။ နှုတ်ခမ်းပေါ်မှာ စေးကပ်စေးကပ်ဖြစ်ခြင်း (Non-sticky) လုံးဝမရှိဘဲ သက်တောင့်သက်သာနဲ့ စိုစိုအိအိလေး ဖြစ်စေတဲ့ တကယ့်ကို အသားကောင်းတဲ့ Lip Oil လေးပဲ ဖြစ်ပါတယ်။

Coverage & Finish

  • Coverage: Sheer (အရောင်နုနုလေးနဲ့ သဘာဝကျကျ လှစေပါတယ်။)
  • Finish: Dewy (မှန်လို ကြည်လင်တောက်ပတဲ့ High-shine လေး ဖန်တီးပေးပါတယ်။)

ဘယ်သူတွေအတွက် သင့်တော်လဲ (Who it's for)

  • နှုတ်ခမ်း အလွန်ခြောက်တတ်သူတွေ။
  • သာမန် Lip Gloss တွေရဲ့ စေးကပ်ကပ်ဖြစ်တဲ့ ခံစားချက်ကို မကြိုက်ဘဲ နှုတ်ခမ်းကို ဖူးအိစိုပြေချင်သူတွေ။
  • နေ့စဉ် (Daily Wear) သဘာဝအတိုင်း ထိန်းသိမ်းဖို့နဲ့ အလွယ်တကူ အလှပြင်ဖို့ (Beginner Friendly) သုံးချင်သူတွေ။
  • Duo လေးဖြစ်လို့ နာမည်ကြီး အရောင် (၂) မျိုးကို သက်သာတဲ့နှုန်းထားနဲ့ တစ်ခါတည်း စမ်းသုံးကြည့်ချင်သူတွေ။

အသုံးပြုပုံ (How to use)
သူ့မှာပါတဲ့ ထူးခြားတဲ့ ဂွမ်းတံခေါင်းတုတ်တုတ် (Fat applicator) လေးက နှုတ်ခမ်းရဲ့ ကွေးညွှတ်မှုကို အံဝင်ခွင်ကျဖြစ်စေလို့ တစ်ချက်ဆွဲရုံနဲ့ နှုတ်ခမ်းတစ်ပြင်လုံးကို အပြည့်အဝ ဖုံးလွှမ်းပေးနိုင်ပါတယ်။ အဆီသက်သက်ဖြစ်ဖြစ်၊ နှုတ်ခမ်းနီဆိုးပြီး ကိုယ်ကြိုက်တဲ့အချိန် ထပ်တင်ဖို့ပဲဖြစ်ဖြစ် အသုံးပြုလို့ရပါတယ်။

ရိုးသားစွာ အကြံပြုချက် (Honest Notes)

  • သူဟာ Oil အပျစ်သား (Cushiony texture) ဖြစ်လို့ ဆိုးလိုက်တဲ့အခါ နှုတ်ခမ်းပေါ်မှာ အုံကျယ်ကျယ် အိအိလေး နေရသလို ခံစားရနိုင်ပါတယ်။ စေးကပ်သွားတာမျိုး မဟုတ်ပါဘူးနော်။
  • တခြား Flumbing gloss တွေလို ပူရှိန်းရှိန်းဖြစ်စေတဲ့ (tingling) မပါဝင်လို့ စိတ်ချလက်ချ သုံးလို့ရပါတယ်။
  • ထူးခြားတဲ့ အချို/သစ်သီးနံ့ (Fruity/sweet scent) သင်းသင်းလေး ပါဝင်လို့ သင်းပျံ့တဲ့ ရနံ့တွေနဲ့ မတည့်ရင် (Sensitive to Fragrance) ရှောင်ပေးပါနော်။

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details