Dior
FOREVER GLOW MAXIMIZER
FOREVER GLOW MAXIMIZER
Couldn't load pickup availability
Liquid Highlighter တစ်မျိုးပဲ ဖြစ်ပေမယ့် Highlighter, Blush အနေနဲ့ပါ Multi-use သုံးလို့ရတဲ့ Dior ရဲ့ Makeup item ဖြစ်ပါတယ်။ အသားအရေပေါ်မှာ စိုပြေတောက်ပမှုကို ပေးစွမ်းနိုင်ပြီး Iris extract ပါဝင်တာကြောင့် ရေဓာတ်ပြည့်ဝတဲ့ finish ကို ရရှိစေပါတယ်။
ဘာကြောင့် Glorious က ရွေးချယ်တာလဲ
အသားအရေကို ချက်ချင်း လင်းလက်သွားစေမယ့်အပြင် အသားထဲ စိမ့်ဝင်သွားသလို Natural Glow ကို ပေးနိုင်လို့ပါ။ Liquid type ဖြစ်တဲ့အတွက် Powder highlighter တွေထက် ပိုပြီး သဘာဝကျပါတယ်။
အဓိက အားသာချက်များ
- Long-wear Glow: အချိန်ကြာရှည်ခံပြီး အသားအရေကို စိုဝင်းနေစေပါတယ်။
- Versatile: အရောင်အလိုက် Highlighter, Blush အနေနဲ့ သုံးနိုင်သလို Foundation ထဲရောပြီး All-over glow အနေနဲ့လည်း သုံးနိုင်ပါတယ်။
- Hydrating Texture: အရည်ကျဲကျဲ texture ဖြစ်ပြီး လိမ်းလိုက်ရင် အေးမြလန်းဆန်းစေပါတယ်။
အသုံးပြုနည်း
- Highlighter အနေနဲ့: နှာတံ၊ ပါးရိုးထိပ် တို့ကို Doe-foot applicator နဲ့ တို့ပြီး လက်ချောင်းလေးတွေနဲ့ ဖြန့်ပေးပါ။
- Blush (Rosy/Peachy shades): ပါးမို့မို့လေးတွေပေါ် တင်ပြီး ပန်းရောင်သန်းတဲ့ Glow ရအောင် သုံးပါ။
- Luminous Base: Foundation နဲ့ အနည်းငယ် ရောစပ်ပြီး မျက်နှာတစ်ပြင်လုံး Dewy Look ရအောင် ဖန်တီးနိုင်ပါတယ်။
Glorious Honest Note
ဒါက Liquid type ဖြစ်တဲ့အတွက် Foundation ပေါ်က ထပ်တင်ရင် Foundation မကွက်အောင် လက်နဲ့ အသာလေး တို့ပြီး Blend လုပ်ပေးဖို့ လိုပါတယ်။ အဆီအရမ်းပြန်တတ်သူတွေ (Very Oily Skin) ဆိုရင်တော့ T-zone နေရာတွေကို ရှောင်ပြီး ပါးရိုးထိပ်လောက်သာ သုံးသင့်ပါတယ်။ ချွေးပေါက်အရမ်းကျယ်ရင် texture ပေါ်သွားနိုင်လို့ နည်းနည်းချင်းစီ စမ်းသုံးကြည့်စေချင်ပါတယ်။
Shade Note
Shade ပေါ်မူတည်ပြီး အသုံးပြုပုံကွဲပြားနိုင်ပါတယ်။ (ဥပမာ - Pink သည် Blush အဖြစ်၊ Pearly/Gold သည် Highlighter အဖြစ်၊ Bronze သည် Bronzer အဖြစ် သုံးနိုင်ပါသည်။)
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

