Skip to product information
1 of 5

Sigma

GLAM 'N GO MINI EYE BRUSH SET

GLAM 'N GO MINI EYE BRUSH SET

Regular price 184,500 MMK
Regular price 229,500 MMK Sale price 184,500 MMK
Sale Sold out

Sigma ရဲ့ ရောင်းအားအကောင်းဆုံး၊ မရှိမဖြစ်လိုအပ်ဆုံး Eye Brush (၃) ချောင်းကို အလွယ်တကူ သယ်ဆောင်သွားလို့ရမယ့် Travel-size အနေနဲ့ ထုတ်လုပ်ပေးထားတဲ့ Set လေးဖြစ်ပါတယ်။ Sigma ရဲ့ နာမည်ကြီး bristle quality အတိုင်းမို့ မျက်လုံးမိတ်ကပ်လိမ်းခြယ်ရာမှာ အကောင်းဆုံး result ကိုရရှိစေမှာပါ။ ချစ်စရာကောင်းတဲ့ Mini Beauty Bag လေးလည်း ပါဝင်ပါတယ်။

Set တွင်ပါဝင်သော ပစ္စည်းများ:

  • Mini E25 Blending: Eyeshadow အရောင်တွေကို သဘာဝကျကျ ပြေပြေလေးဖြစ်သွားအောင် blend လုပ်ဖို့အတွက် အကောင်းဆုံး brush ပါ။ Harsh line တွေမကျန်ခဲ့အောင် ကူညီပေးပါတယ်။
  • Mini E55 Eye Shading: Eyeshadow color ကို မျက်ခွံပေါ်တင်တဲ့အခါ (color packing) လုပ်ဖို့ သုံးရပါတယ်။
  • Mini E30 Pencil: မျက်လုံးအောက် မျက်တောင်ရင်းနား (lash line) တွေကို create လုပ်ဖို့နဲ့ မျက်လုံးထောင့်တွေကို smudge လုပ်ဖို့အတွက် တိကျတဲ့ brush ခေါင်းသေးလေးပါ။
  • Mini Beauty Bag: Brush တွေကို သန့်ရှင်းသပ်ရပ်စွာ သိမ်းဆည်းသယ်ဆောင်နိုင်မယ့် အိတ်လေးပါ။

Why You’ll Love It:

  • Travel-Friendly: ခရီးသွားတဲ့အခါပဲဖြစ်ဖြစ်၊ ရုံးသွားကျောင်းသွား အိတ်ဆောင်သယ်ဖို့ပဲဖြစ်ဖြစ် နေရာမယူဘဲ အလွန်အဆင်ပြေပါတယ်။
  • Pro Quality: လက်ကိုင် (Handle) က အတိုဆိုပေမယ့် Brush အမွှေးအမျှင် quality ကတော့ မူရင်း Sigma အတိုင်းမို့ မျက်ခွံကို စူးတာ၊ အမွှေးကျွတ်တာမျိုး မရှိပါဘူး။
  • Cruelty-Free: တိရစ္ဆာန်အမွှေးအမျှင်များကို အသုံးမပြုဘဲ Synthetic Fibers များဖြင့် ပြုလုပ်ထားပါတယ်။

Honest Notes (Glorious guide):
ဒါက Mini Set ဖြစ်တဲ့အတွက် Brush လက်ကိုင်ရိုးတံလေးတွေက ပုံမှန် brush တွေထက် တိုပါတယ်။ လက်ကိုင်အရှည် Full-size brush မျိုးကို သဘောကျတဲ့သူဆိုရင်တော့ ဒီ set က ကိုင်ရတာ နည်းနည်းလက်မရဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သယ်ဆောင်ရလွယ်ကူတာကို ဦးစားပေးချင်သူတွေ၊ မျက်လုံးမိတ်ကပ်စတင်လေ့လာမယ့် Beginner တွေအတွက်တော့ အထူးသင့်တော်ပါတယ်။

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details