Skip to product information
1 of 8

Truly

Glazed Donut Luxury Shave Butter

Glazed Donut Luxury Shave Butter

Regular price 120,000 MMK
Regular price 137,000 MMK Sale price 120,000 MMK
Sale Sold out
Size

Shaving လုပ်တဲ့အခါ အသားပွန်းတာ၊ ဓားရှတာနဲ့ အသားခြောက်တာတွေ မဖြစ်ရအောင် ကာကွယ်ပေးမယ့် Shave Butter လေးဖြစ်ပါတယ်။ ဒါက ရေချိုးခန်းထဲမှာ အလှထားလို့ကောင်းသလို အနံ့ကလည်း Glazed Donut မုန့်နံ့လေးမို့ သုံးရတာ အရမ်း fresh ဖြစ်စေပါတယ်။ 20ml size လေးမို့ ခရီးသွားရင်သယ်သွားဖို့ သင့်တော်ပါတယ်။

ဘာလို့ဒါကို ရွေးချယ်သင့်တာလဲ?

  • Ultra-Hydrating Formula: သာမန် Shaving Foam တွေလိုမဟုတ်ဘဲ အဆီအနှစ်ပါတဲ့ Butter texture မို့ အသားကို ရေဓာတ်ဖြည့်ပေးပါတယ်။ Coconut Oil နဲ့ Vitamin E ပါဝင်လို့ Shave လုပ်ပြီးချိန်မှာ အသားခြောက်မကျန်ခဲ့ပါဘူး။
  • Smooth Glide: ဘလိတ်ဓားနဲ့ အသားအရေကြားမှာ အလွှာပါးပါးလေး ခံပေးထားသလိုဖြစ်စေလို့ Ingrown hair (အမွှေးအိတ်ပိတ်တာ) နဲ့ Razor bumps တွေကို သက်သာစေပါတယ်။
  • Scent: နာမည်အတိုင်း ချိုအီမွှေးကြိုင်တဲ့ Glazed Donut အနံ့လေးပါ။

ဘယ်သူတွေအတွက်လဲ?

  • Body Hair ရိတ်တဲ့အခါ အသားနီပြီး စပ်ဖျင်းဖျင်းဖြစ်တတ်သူတွေ။
  • အသားခြောက်သူတွေ (Dry Skin)။
  • Foam အမြှုပ်ထက် Cream type ကို ပိုကြိုက်သူတွေ။

သုံးစွဲနည်း အကြံပြုချက်
ရေချိုးပြီး အသားစိုနေတဲ့အချိန်မှာ အမွှေးရိတ်မယ့်နေရာကို ဒီ Butter လေး လိမ်းပေးပါ။ ပြီးရင် ဓားနဲ့ ညင်သာစွာ ရိတ်ပေးနိုင်ပါပြီ။ ရေပြန်ဆေးချလိုက်ရင် အသားလေး နူးညံ့ကျန်ရစ်ပါလိမ့်မယ်။

Glorious Honest Notes

  • Size Note: ဒါက 20ml Mini Size ဖြစ်ပါတယ်။ ဗူးလေးက အတော်သေးတာမို့ စမ်းသုံးကြည့်ချင်သူတွေနဲ့ ခရီးဆောင်ဖို့အတွက်သာ ရည်ရွယ်ပါတယ်။ တစ်ကိုယ်လုံးသုံးမယ်ဆိုရင် အကြာကြီးခံမှာ မဟုတ်ပါဘူးနော်။
  • Fragrance: အနံ့က Sweet Vanilla/Donut နံ့ အတော်လေးစွဲပါတယ်။ အနံ့ပြင်းတာ မကြိုက်တဲ့သူတွေ၊ Fragrance sensitive ဖြစ်လွန်းသူတွေနဲ့တော့ အဆင်မပြေနိုင်ပါဘူး။
  • Texture: သူက ဆပ်ပြာမြှုပ်ထွက်တဲ့ ပုံစံမဟုတ်ဘဲ Cream အနှစ်ပုံစံဖြစ်ပါတယ်။

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details