HUDA BEAUTY
GloWish Luminous Pressed Powder
GloWish Luminous Pressed Powder
Couldn't load pickup availability
Powder လိမ်းထားမှန်းသိသာတဲ့ အထူကြီးတွေ၊ မျက်နှာအသားခြောက်ပြီး အကွက်ဖြစ်တာတွေကို မကြိုက်တဲ့ သူလေးအတွက် အသင့်တော်ဆုံး Powder ပါ။ Huda Beauty ရဲ့ GloWish line က ထုတ်ထားတာဖြစ်လို့ "Makeup မလိမ်းထားသလို သဘာဝကျပြီး ကျန်းမာတဲ့ Glow Look" ကို ဦးစားပေးထားပါတယ်။
ဘာကြောင့် ဒါကို ရွေးချယ်သင့်တာလဲ?
- Natural Glow: Matte အခြောက်ကြီးမဟုတ်ဘဲ အသားအရေကို သဘာဝအတိုင်း ညက်ညက်လေးနဲ့ လင်းလက်နေစေမယ့် Luminous Finish ကို ရရှိစေပါတယ်။
- Skin-Loving Ingredients: Antioxidants ၊ Damascus Rose Oil နဲ့ Vitamin E တို့ ပါဝင်လို့ အသားအရေကို အစိုဓာတ်ထိန်းပေးပြီး ညစ်နွမ်းခြင်းမရှိအောင် ကာကွယ်ပေးပါတယ်။
- Blurring Effect: အသားပေါ်က ချွေးပေါက်ကျယ်တာတွေနဲ့ အရေးအကြောင်းတွေကို ဝါးပေးပြီး Smooth ဖြစ်တဲ့ အသွင်အပြင်ကို ပေးစွမ်းပါတယ်။
- Talc-Free: Talc (ပေါင်ဒါမှုန့်) မပါဝင်ဘဲ 90% သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားလို့ Sensitive ဖြစ်တဲ့အသားအရေတွေလည်း စိတ်ချလက်ချ သုံးနိုင်ပါတယ်။
Coverage & Texture
- Coverage: Sheer to Medium Buildable (ပါးပါးကြည်ကြည်မှ အနေတော်ဖုံးအုပ်နိုင်သည်ထိ ထပ်ဖြည့်လိမ်းနိုင်သည်)
- Texture: ပိုးသားလို နူးညံ့ပြီး ပေါ့ပါးပါတယ်။
ဘယ်သူတွေနဲ့ အလိုက်ဖက်ဆုံးလဲ?
Dry Skin (အသားခြောက်သူ)၊ Normal Skin နဲ့ သဘာဝကျကျ Makeup Look ကို နှစ်သက်သူတွေအတွက် အထူးသင့်တော်ပါတယ်။
အသုံးပြုနည်း အကြံပြုချက်
- For Light Coverage: Fluffy ဖြစ်တဲ့ Brush အကြီးနဲ့ ယူပြီး မျက်နှာတစ်ခုလုံးကို ပါးပါးလေး ပွတ်လိမ်းပေးပါ။
- For Medium Coverage: Sponge (သို့) Brush အသိပ်နဲ့လိုချင်တဲ့နေရာကို ဖိပြီး လိမ်းပေးပါ။ No-makeup makeup look အတွက် Foundation မပါဘဲ ဒီ Powder တစ်ခုတည်း လိမ်းရင်လည်း အဆင်ပြေပါတယ်။
Glorious Honest Note:
ဒါသည် Full Coverage Foundation powder မဟုတ်ပါဘူးနော်။ အမဲစက်အကြီးကြီးတွေကို လုံးဝဖုံးချင်ရင် Concealer လေး အောက်ကခံပြီးမှ ဒီ Powder ကို သုံးပေးပါ။ အဆီအရမ်းပြန်တဲ့ အသားအရေပိုင်ရှင်တွေဆိုရင် T-Zone နေရာမှာ Matte ဖြစ်တဲ့ Powder တစ်ခုခု တွဲသုံးဖို့ လိုအပ်နိုင်ပါတယ်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

