Skip to product information
1 of 12

GUERLAIN

MÉTÉORITES SETTING & FINISHING PEARLS OF POWDER

MÉTÉORITES SETTING & FINISHING PEARLS OF POWDER

Regular price 389,000 MMK
Regular price 436,000 MMK Sale price 389,000 MMK
Sale Sold out
Color

Guerlain ၏ Météorites Pearls သည် မိတ်ကပ်လောကတွင် ၁၉၈၇ ခုနှစ်ကတည်းက နာမည်ကြီးခဲ့သော Iconic ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဒါဟာ ရိုးရိုး Setting Powder မဟုတ်ဘဲ၊ Colour correction (အသားအရောင်ညှိပေးခြင်း) နှင့် Illumination (အသားအရေ လင်းလက်စေခြင်း) ကို တပြိုင်နက် လုပ်ဆောင်ပေးသော Finishing Powder ဖြစ်ပါတယ်။

ဘာကြောင့် Glorious က ရွေးချယ်တာလဲ?

  • Stardust Technology: စိန်မှုန်လေးတွေပါဝင်သော နည်းပညာကြောင့် အလင်းရောင်ကို မျက်နှာပေါ်မှာ ဖြာကျစေပြီး၊ မျက်နှာကို "Soft-focus" Effect ရစေပါတယ်။ ဓာတ်ပုံရိုက်ရင် အသားအရမ်းလှစေပါတယ်။
  • Colour Correction: ပုလဲလုံးလေး အရောင်တစ်မျိုးစီမှာ အာနိသင်မတူပါဘူး။ (ဥပမာ- အနီစက်ပျောက်စေခြင်း၊ အသားဝါခြင်းကို ထိန်းပေးခြင်း၊ အလင်းပြန်စေခြင်း) အားလုံးပေါင်းစပ်လိုက်တဲ့အခါ မျက်နှာကို သဘာဝအတိုင်း ကြည်သွားစေပါတယ်။
  • Texture: အလွန်နူးညံ့ပြီး ပေါ့ပါးပါတယ်။ မိတ်ကပ်ထူထူကြီး လိမ်းထားသလို မဖြစ်စေပါဘူး။

ရရှိနိုင်သော Shades များ

  • 02 Clair (Light): အသားဖြူသူများအတွက်။ အနီစက်များကို သက်သာစေပြီး အသားအရေကို လင်းစေပါတယ်။
  • 03 Medium: အသားလတ်သူများ၊ ပုံမှန်အသားအရေများအတွက်။ Beige နှင့် Champagne အရောင်များပါဝင်ပြီး မျက်နှာကို နွေးထွေးပြီး ကျန်းမာသော အရောင်ထွက်စေပါတယ်။

ဘယ်လိုသုံးရမလဲ?
Météorites Brush (သို့) ပွသော Powder brush အကြီးကို သုံးပြီး ပုလဲလုံးလေးတွေပေါ်မှာ ဝိုင်းမွှေပေးပါ။ ပြီးနောက် မျက်နှာပေါ် ခပ်ပါးပါး sweeping လုပ်ပြီး ပုတ်ပေးပါ။ (Guerlain ၏ အကြံပြုချက်အရ နဖူးမှ ပါး၊ ပါးမှ မေးစေ့သို့ "G" ပုံစံဆွဲပြီး သုံးနိုင်ပါတယ်)။

Glorious ၏ ရိုးသားသော မှတ်ချက်

  • ဒါဟာ Coverage (အပြစ်အနာအဆာဖုံးအုပ်မှု) ပေးတဲ့ Powder မဟုတ်ပါ။ ဖောင်ဒေးရှင်းလိမ်းပြီး အပေါ်ကနေ ထပ်ပုတ်ရတဲ့ Finishing Powder သက်သက်သာ ဖြစ်ပါတယ်။
  • သူ့မှာ ဂန္တဝင်တွင်တဲ့ Violet (ခရမ်းပန်း) ရနံ့ သင်းသင်းလေး ပါရှိပါတယ်။ ရနံ့မကြိုက်သူ (သို့) Fragrance sensitive ဖြစ်သူများ သတိပြုသင့်ပါတယ်။
  • အဆီအရမ်းပြန်သူများအတွက် Oil Control အဓိကလုပ်ပေးတဲ့ ပစ္စည်းမဟုတ်ဘဲ၊ Glow look ရစေတဲ့ ပစ္စည်းဖြစ်ပါတယ်။

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details