First Aid Beauty
Head-To-Toe Smooth Set
Head-To-Toe Smooth Set
Couldn't load pickup availability
မျက်နှာရော ခန္ဓာကိုယ်ပါ အသားပတ်တာ၊ ကြမ်းတာ နဲ့ အထူးသဖြင့် ကြက်မွေးညင်း (KP/Strawberry Skin) ဖြစ်တတ်သူများအတွက် အထူးထုတ်လုပ်ထားတဲ့ "Smooth Skin" set လေးဖြစ်ပါတယ်။ Sensitive Skin သမားများ စိတ်ချရဆုံး FAB ရဲ့ နာမည်ကြီး item (၄) မျိုးကို စမ်းသပ်သုံးစွဲလို့ရအောင် Travel Size လေးတွေနဲ့ စုစည်းပေးထားပါတယ်။
Set တွင်ပါဝင်သော ပစ္စည်း (၄) မျိုး (အားလုံး 28.3g):
- Pure Skin Face Cleanser: မျက်နှာသစ်ဆေးဖြစ်ပါတယ်။ မိတ်ကပ်နဲ့ အညစ်အကြေးတွေကို ပြောင်စင်စေပေမယ့် မျက်နှာကို ခြောက်တွေ့တင်းကျပ်သွားခြင်း မရှိပါဘူး။ pH balance မျှတပြီး အနံ့မပါလို့ sensitive ဖြစ်လွယ်သူတွေအတွက် အဆင်အပြေဆုံးပါ။
- KP Bump Eraser Body Scrub (10% AHA): လက်မောင်း၊ ခြေထောက် နဲ့ တင်ပါးတွေမှာဖြစ်တဲ့ ကြက်မွေးညင်း (KP) အဖုအထစ်တွေအတွက် scrub ပါ။ Chemical (AHA) ရော Physical (Pumice) နဲ့ပါ ပေါင်းစပ်ဖယ်ရှားပေးလို့ အသားကို ချောမွေ့သွားစေပါတယ်။
- KP Smoothing Body Lotion (10% AHA): ဒါက သာမန် Lotion မဟုတ်ပါဘူး။ Scrub တိုက်ပြီးချိန်မှာ ဆဲလ်သေတွေကို ထပ်မံဖယ်ရှားပေးပြီး အသားပြန်ချောဖို့ ကုသပေးတဲ့ "Treatment Lotion" ဖြစ်ပါတယ်။
- Ultra Repair Cream (Intense Hydration): FAB ရဲ့ နာမည်အကြီးဆုံး Moisturizer ပါ။ မျက်နှာရော ခန္ဓာကိုယ်ပါ လိမ်းလို့ရပါတယ်။ နှင်းခူ (Eczema) ဖြစ်တတ်သူတွေ၊ အသားပတ်ပြီး ယားယံတတ်သူတွေအတွက် soothing အဖြစ်ဆုံးပါပဲ။
ဘယ်သူတွေ သုံးသင့်လဲ?
- လက်မောင်းနဲ့ ခြေထောက်တွေမှာ KP (ကြက်မွေးညင်း) ထွက်ပြီး စိတ်ညစ်နေသူများ။
- အသားအရေ အရမ်းခြောက်ပြီး sensitive ဖြစ်သူများ။
- ခရီးသွားရင် တစ် set တည်းနဲ့ မျက်နှာရော ကိုယ်ပါ အစုံပါချင်သူများ။
Glorious Advice - အသုံးပြုပုံ အကြံပြုချက်:
- Face: မျက်နှာကို Pure Skin Cleanser နဲ့သစ်ပြီး Ultra Repair Cream ကို လိမ်းပါ။
- Body (KP ရှိသောနေရာ): ရေချိုးချိန် KP Scrub နဲ့ ပွတ်တိုက်ပါ။ ရေခြောက်ရင် KP Smoothing Lotion ကို လိမ်းပါ။
- Body (သာမန်ခြောက်သွေ့သောနေရာ): Ultra Repair Cream ကို လိမ်းပါ။
Honest Note:
Set ၏ ပမာဏသည် 28.3g (1 oz) စီသာပါဝင်သော Mini/Travel Size မျှသာ ဖြစ်ပါသည်။ "KP" ဟု စာပါသော Scrub နှင့် Lotion နှစ်ခုလုံးတွင် Acid ပါဝင်မှုများသောကြောင့် မျက်နှာပေါ် လုံးဝ (လုံးဝ) မတင်ရပါ။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

