Skip to product information
1 of 8

The Ordinary

Hyaluronic Acid 2% + B5 Hydrating Serum with Ceramides

Hyaluronic Acid 2% + B5 Hydrating Serum with Ceramides

Regular price 87,500 MMK
Regular price 122,000 MMK Sale price 87,500 MMK
Sale Sold out
Size

The Ordinary ရဲ့ လူကြိုက်အများဆုံး HA Serum ကို Formula အသစ်ဖြင့် ထပ်မံအဆင့်မြှင့်တင်ထားခြင်း ဖြစ်ပါတယ်။ ယခင် Formula အဟောင်းထက် ပိုမိုကောင်းမွန်တာကတော့ Ceramides ပါဝင်လာခြင်းဖြစ်ပြီး ရေဓာတ်ဖြည့်ပေးရုံသာမက အသားအရေရဲ့ အတားအဆီး (Skin Barrier) ကိုပါ ပိုမိုခိုင်မာစေပါတယ်။

ဘာတွေထူးခြားသွားလဲ?

  • Deep Hydration: Hyaluronic Acid အမျိုးအစား (၅) မျိုးပါဝင်လို့ အသားအရေအလွှာအသီးသီးကို ရေဓာတ်နက်ရှိုင်းစွာ ဖြည့်ဆည်းပေးပါတယ်။
  • Lock-in Moisture: အသစ်ထပ်ထည့်ထားတဲ့ Ceramides က ရေဓာတ်မဆုံးရှုံးအောင် ထိန်းပေးပြီး Skin Barrier ကို ကျန်းမာစေပါတယ်။
  • Improved Texture: အရင် Formula အဟောင်းလို စေးကပ်ကပ် (Sticky) မဖြစ်တော့ဘဲ စိမ့်ဝင်မှု ပိုမြန်ဆန်သွားပါပြီ။
  • Plumping Effect: အသားအရေကို ရေဝ၀လင်လင်နဲ့ တင်းရင်းပြည့်ဖြိုးစေပါတယ်။

ဘယ်သူတွေသုံးသင့်လဲ?
အသားအရေ အမျိုးအစားအားလုံး၊ အထူးသဖြင့် ရေဓာတ်လိုအပ်နေသူ (Dehydrated Skin) နဲ့ အသားခြောက်သူများအတွက် အခြေခံအကျဆုံး Serum တစ်ခုဖြစ်ပါတယ်။

Glorious Honest Notes:

  • အရောင်ပြောင်းလဲခြင်း: Formula အသစ်ဖြစ်လို့ အရည်က အကြည်ရောင်မဟုတ်ဘဲ အဝါရောင်အနည်းငယ်သန်းနေပါမယ် (Slight yellow tint)။ ဒါက ပျက်စီးနေတာမဟုတ်ဘဲ ပါဝင်ပစ္စည်းအသစ်တွေကြောင့် ဖြစ်ပါတယ်။
  • Ha Serum ဖြစ်လို့ မျက်နှာသစ်ပြီး ရေမခြောက်တခြောက်အခြေအနေ (Damp Skin) မှာ လိမ်းရင် အာနိသင်အကောင်းဆုံး ရရှိပါမယ်။
  • လုံးဝအနံ့မပါဝင်ပါ (Fragrance-free)။

အသုံးပြုပုံ
မနက်ရော ညပါ မျက်နှာသစ်ပြီးချိန် (Toner သုံးရင် Toner ပြီးချိန်) တွင် အသုံးပြုပါ။ ပြီးနောက် Moisturizer မဖြစ်မနေ လိမ်းပေးပါ။

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details