Charlotte Tilbury
HYALURONIC HAPPIKISS
HYALURONIC HAPPIKISS
Couldn't load pickup availability
နှုတ်ခမ်းနီ (Lipstick) ရဲ့ အရောင်ထွက်အားနဲ့ Lip Balm ရဲ့ အာဟာရဖြည့်အားကို ပေါင်းစပ်ထားတဲ့ Hyaluronic Happikiss ဖြစ်ပါတယ်။ Charlotte Tilbury ရဲ့ နာမည်အကြီးဆုံး Pillow Talk အရောင်လေးမို့ နေ့စဉ်သုံးဖို့ အထူးသင့်တော်ပါတယ်။
ဘာကြောင့် Glorious က ရွေးချယ်တာလဲ?
နှုတ်ခမ်းသား အရမ်းခြောက်တတ်လို့ Matte နှုတ်ခမ်းနီတွေ ဆိုးမရတဲ့သူတွေအတွက် အကောင်းဆုံးပါပဲ။ နှုတ်ခမ်းသားကို ရေဓာတ်ဖြည့်ပေးတဲ့ Hyaluronic Acid နဲ့ C-Peptide ပါဝင်လို့ နှုတ်ခမ်းကို ပြည့်ဖြိုးပြီး စိုအိနေစေပါတယ်။
Finish & Coverage:
- Finish: High-Shine Glossy (နှုတ်ခမ်းသား စိုစိုအိအိလေးနဲ့ တောက်ပြောင်တဲ့ Finish ကို ရစေပါတယ်)
- Coverage: Medium & Buildable (Lip Balm ထက် အရောင်ထွက်ပိုကောင်းပြီး၊ Lipstick အစစ်လောက်တော့ အရောင်မပြည့်ပါ)
ဘယ်သူတွေအတွက်လဲ?
- နှုတ်ခမ်းသား ခြောက်သွေ့အက်ကွဲလွယ်သူများ။
- Matte Finish မကြိုက်ဘဲ နှုတ်ခမ်းသား စိုစိုလေး နေချင်သူများ။
- Makeup look မပြင်ဘဲ သဘာဝကျကျ လှချင်သူများ။
အသုံးပြုပုံ (အထူးသတိပြုရန်):
ဒီ Lipstick က Non-retractable click pen အမျိုးအစားဖြစ်ပါတယ်။ သုံးမယ့် ပမာဏလောက်ပဲ အောက်က Click ကို နှိပ်ပြီး ထုတ်ပေးပါ။ ပြန်သွင်းလို့ မရပါဘူးနော်။
Glorious Honest Notes:
- Texture က အရမ်းနူးညံ့ပြီး ပျော်လွယ်တဲ့အတွက် ရာသီဥတုအရမ်းပူတဲ့နေရာမှာ မထားသင့်ပါဘူး။
- Balm texture ဖြစ်တဲ့အတွက် စားသောက်ရင်တော့ ပျက်လွယ်ပါတယ်။ ပြန်ဖြည့်ဆိုးပေးဖို့ လိုပါလိမ့်မယ်။
- Glossy ဖြစ်လို့ ဆံပင်ကပ်တာမျိုး ဖြစ်နိုင်ပါတယ်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

