Skip to product information
1 of 7

Lancôme

Hydra Zen Oil-Free Gel Moisturizer with Salicylic Acid

Hydra Zen Oil-Free Gel Moisturizer with Salicylic Acid

Regular price 225,000 MMK
Regular price 365,000 MMK Sale price 225,000 MMK
Sale Sold out
Size

စိတ်ဖိစီးမှုဒဏ်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ ရာသီဥတုဒဏ်ကြောင့် အသားအရေ နီမြန်းတာ၊ ခြောက်သွေ့ပြီး တင်းတာတွေကို သက်သာစေဖို့ Lancôme ရဲ့ နာမည်ကြီး Hydra Zen Gel Cream လေး ဖြစ်ပါတယ်။ သူက ရိုးရိုး Cream မဟုတ်ဘဲ Gel-Cream Texture ဖြစ်တဲ့အတွက် လိမ်းလိုက်တာနဲ့ အသားထဲကို ချက်ချင်းစိမ့်ဝင်ပြီး လေးလံခြင်း မရှိပါဘူး။ မြန်မာနိုင်ငံလို ပူအိုက်တဲ့ ရာသီဥတုနဲ့ အထူးသင့်တော်ပါတယ်။

အဓိက အာနိသင်များ

  • Soothing & Calming: Rose Extract (နှင်းဆီနီ)၊ Peony Root (တရုတ်စကားပန်းအမြစ်) နဲ့ Moringa Extract တွေပါဝင်လို့ အသားအရေ ယားယံတာ၊ နီမြန်းတာတွေကို လျော့ပါးစေပါတယ်။
  • 24-Hour Hydration: ရေဓာတ်ကို (၂၄) နာရီကြာ ထိန်းပေးနိုင်လို့ အသားအရေကို စိုပြေဝင်းပစေပါတယ်။
  • Strengthens Barrier: အသားအရေ အကာအကွယ်အတားအဆီး (Skin Barrier) ကို ပိုမိုခိုင်မာစေလို့ အပြင်က ဖုန်မှုန့်နဲ့ Bacteria တွေရန်က ကာကွယ်ပေးပါတယ်။

သင့်တော်သူများ

  • အဆီပြန်တတ်ပေမယ့် ရေဓာတ်လိုမယ့်သူများ (Oily / Combination Skin)။
  • လိမ်းလိုက်ရင် စေးကပ်တာ မကြိုက်တဲ့သူများ။
  • အသားအရေ Sensitive ဖြစ်လွယ်သူများ။

Glorious ၏ အကြံပြုချက် (Honest Note):
ဒီပစ္စည်းလေးက Gel type ဖြစ်လို့ အရမ်းခြောက်သွေ့တဲ့ (Very Dry Skin) တွေအတွက်တော့ ဆောင်းတွင်းဘက်မှာ အစိုဓာတ်လုံလောက်မှု မရှိနိုင်ပါဘူး။ Lancôme ပစ္စည်းတွေရဲ့ သဘောသဘာဝအတိုင်း နှင်းဆီရနံ့သင်းသင်းလေး ပါဝင်ပါတယ်။ အမွှေးနံ့ကို လုံးဝမကြိုက်တဲ့သူ (သို့) Fragrance ဓာတ်မတည့်သူတွေအနေနဲ့ Patch Test အရင်လုပ်သင့်ပါတယ်။

အသုံးပြုပုံ
မနက်ရော ညပါ Toner, Serum လိမ်းပြီး နောက်ဆုံးအဆင့်အနေနဲ့ (Sunscreen မတိုင်ခင်) လိမ်းပေးနိုင်ပါတယ်။

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details