Lancôme
L'Absolu Rouge Intimatte Soft Matte Lipstick mini
L'Absolu Rouge Intimatte Soft Matte Lipstick mini
Couldn't load pickup availability
နှုတ်ခမ်းသားပေါ်မှာ ပေါ့ပါးပြီး နူးညံ့တဲ့ "Blurred Matte" effect လေးရစေမယ့် Lancôme ရဲ့ နာမည်ကြီး Intimatte နှုတ်ခမ်းနီ၊ Mini Size လေးဖြစ်ပါတယ်။
ဘာလို့ ဒါလေးကို ရွေးချယ်သင့်လဲ?
- Soft Matte Finish: သမားရိုးကျ Matte နှုတ်ခမ်းနီတွေလို ခြောက်ကပ်ပြီး အသားမာသွားတာမျိုးမဟုတ်ဘဲ၊ ပေါ့ပါးနူးညံ့တဲ့ အသွင်ကို ရရှိစေပါတယ်။
- Lightweight Formula: နှုတ်ခမ်းပေါ်မှာ ဘာမှမရှိသလို ခံစားရစေမယ့် "Bare lip feel" နည်းပညာကို သုံးထားပါတယ်။
- Hydration Care: Grand Rose Extracts နဲ့ Ceramides ပါဝင်လို့ Matte ဖြစ်ပေမယ့် နှုတ်ခမ်းသားကို ရေဓာတ်ဖြည့်ပေးပြီး သက်တောင့်သက်သာရှိစေပါတယ်။
- Mini Size: စမ်းသုံးကြည့်ချင်သူတွေနဲ့ အိတ်ထဲအလွယ်တကူ ဆောင်သွားချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။
အသုံးပြုပုံ အကြံပြုချက်
- နှုတ်ခမ်းအလယ်ကနေ စတင်ဆိုးပြီး အပြင်ဘက်ကို ဖြန့်ပေးပါ။
- Intimatte ရဲ့ Signature look ဖြစ်တဲ့ နှုတ်ခမ်းသား ဝါးဝါးလေးနဲ့ သဘာဝကျကျလှနေဖို့အတွက် လက်သန်းလေးနဲ့ နှုတ်ခမ်းအနားသတ်တွေကို ဖွဖွလေး ပွတ်ဆွဲပေးပါ (Smudging technique)။
Glorious Honest Note:
ဒါသည် Long-wear liquid lipstick မဟုတ်တဲ့အတွက် စားသောက်တဲ့အခါ အနည်းငယ် ပျက်နိုင်ပါတယ်။ ဒါပေမယ့် ပျက်သွားတဲ့အခါမှာလည်း အကွက်လိုက်ကြီး ကွာကျတာမျိုးမဖြစ်ဘဲ သဘာဝကျကျ အရောင်ကျန်နေခဲ့မယ့် အမျိုးအစားပါ။ အရမ်းခြောက်သွေ့ပြီး အဖတ်လန်နေတဲ့ နှုတ်ခမ်းပိုင်ရှင်တွေကတော့ Lip Scrub အရင်လုပ်ပြီးမှ သုံးသင့်ပါတယ်။
(Shade ပေါ်မူတည်ပြီး အရောင်ထွက်ကွာခြားနိုင်တာမို့ မိမိအသားအရေနဲ့ လိုက်ဖက်မယ့် အရောင်ကို Glorious team ထံ မေးမြန်းနိုင်ပါတယ်ရှင်။)
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

