Lancôme
Lancome Rénergie H.C.F. Triple Serum
Lancome Rénergie H.C.F. Triple Serum
Couldn't load pickup availability
Lancôme ၏ နာမည်ကြီး Rénergie လိုင်းမှ ထုတ်လုပ်ထားသည့် ဆန်းသစ်တီထွင်မှုတစ်ခုဖြစ်ပြီး၊ ပုံမှန်အားဖြင့် အတူရောစပ်၍မရသော နာမည်ကြီး Skincare Ingredient (၃) မျိုးကို ဘူးတစ်ခုတည်းတွင် သီးခြားအခန်းကန့်များဖြင့် ထည့်သွင်းပေးထားပါသည်။ နှိပ်လိုက်မှသာ Fresh ဖြစ်သော texture (၃) မျိုး ပေါင်းစပ်ထွက်လာမည့် Serum ဖြစ်ပါသည်။
အဓိက ပါဝင်ပစ္စည်းများနှင့် အာနိသင်များ:
- Hyaluronic Acid: မော်လီကျူးအသေးစားများကို အသုံးပြုထားသဖြင့် အသားအရေအတွင်းပိုင်းထိ ရေဓာတ်ရောက်ရှိစေပြီး အသားအရေကို ပြည့်တင်း (Plump) စေပါသည်။
- C+Niacinamide: Vitamin C နှင့် Niacinamide ပေါင်းစပ်မှုက အမဲစက်များကို သက်သာစေပြီး မျက်နှာကို သိသိသာသာ လင်းလက်တောက်ပစေပါသည်။
- Ferulic Acid: အစွမ်းထက်သော Antioxidant ဖြစ်ပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးပါသည်။
Texture & Feel:
Cream, Gel နှင့် Emulsion (၃) မျိုး ပေါင်းစပ်ထွက်လာသော်လည်း စေးကပ်ခြင်းမရှိဘဲ စိမ့်ဝင်လွယ်ပါသည်။ လိမ်းပြီးပါက အသားအရေကို နူးညံ့ပြီး ကျန်းမာသော Glow look ရရှိစေပါသည်။
ဘယ်သူတွေ သုံးသင့်လဲ:
- အရေးအကြောင်း၊ အမဲစက်နှင့် အသားအရေ လျော့တွဲမှုကို တပြိုင်နက်တည်း ကုသလိုသူများ။
- Serum အဆင့်ဆင့် မလိမ်းချင်ဘဲ တစ်မျိုးတည်းနှင့် ပြီးပြည့်စုံချင်သူများ။
အသုံးပြုပုံ:
မနက်ရော ညပါ အသုံးပြုနိုင်ပါသည်။ Pump ကို နှိပ်ရာတွင် အလယ်တည့်တည့်မှ ဖိနှိပ်ပေးပါ။ Texture (၃) မျိုးစလုံး ညီညာစွာ ထွက်လာမှ လက်ဖြင့်ရောစပ်ပြီး မျက်နှာပေါ်သို့ လိမ်းပေးပါ။
Glorious Honest Note:
ဒါဟာ High-active ingredients တွေပါဝင်တဲ့ Serum ဖြစ်လို့ အနံ့ (Fragrance) အနည်းငယ်ပါဝင်ပါတယ်။ အနံ့ကို Sensitive ဖြစ်တဲ့ အသားအရေပိုင်ရှင်တွေ tester စမ်းသပ်ပြီးမှ သုံးစွဲသင့်ပါတယ်။ Pump လုပ်ဆောင်ချက်က နည်းနည်း sensitive ဖြစ်တာမို့ အလယ်ကနေ သေချာဖိနှိပ်သုံးစွဲဖို့ လိုအပ်ပါတယ်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

