Lancôme
Rénergie H.C.F. Triple Serum Skincare Set
Rénergie H.C.F. Triple Serum Skincare Set
Couldn't load pickup availability
အသားအရေကို ပြန်လည်တင်းရင်းစေပြီး အရေးအကြောင်းနဲ့ အမည်းစက်တွေကို တစ်ပြိုင်နက်တည်း ကုသပေးမယ့် Lancôme ရဲ့ နာမည်ကြီး "Triple Serum" ကို High-performance cream နှစ်မျိုးနဲ့ တွဲဖက်ပေးထားတဲ့ Value Set လေးဖြစ်ပါတယ်။ Anti-aging အတွက် Complete Routine တစ်ခုလို သုံးနိုင်တာကြောင့် ကိုယ်တိုင်သုံးမလား၊ လက်ဆောင်ပဲပေးမလား အရမ်းတန်ပါတယ်။
Set တွင်ပါဝင်သော ပစ္စည်းများ:
- Rénergie H.C.F. Triple Serum (50ml - Full Size): Hyaluronic Acid , Vitamin C + Niacinamide , Ferulic Acid (Antioxidant) သုံးမျိုးကို သီးခြား ထည့်ထားပြီး ညှစ်လိုက်မှ Fresh ဖြစ်တဲ့ three-texture ပေါင်းစပ်ထွက်လာမယ့် Serum ပါ။
- Rénergie H.P.N. 300-Peptide Cream (15ml): Peptide အမျိုးပေါင်း 300 ကျော်ပါဝင်ပြီး အသားအရေကို သိသိသာသာ ပြန်လည်တင်းရင်းစေမယ့် Day/Night သုံးလို့ရတဲ့ ခရင်မ်။
- Rénergie Lift Multi-Action Night Cream (15ml): ညဘက် အသားအရေ ပြန်လည်ပြုပြင်ဖို့နဲ့ အာဟာရဓာတ်ဖြည့်တင်းပေးဖို့ အထူးထုတ်လုပ်ထားတဲ့ Night Cream။
အဓိက အာနိသင်များ (Benefits):
- Volume Loss: အသက်အရွယ်ကြောင့် လျော့ရဲလာတဲ့ အသားအရေကို ပြန်လည်ပြည့်ဖြိုးစေပါတယ်။
- Wrinkles: မျက်နှာပေါ်က အရေးအကြောင်း အနု၊ အရင့်တွေကို သက်သာစေပါတယ်။
- Dark Spots: အမည်းစက်တွေကို သက်သာစေပြီး မျက်နှာကို ကြည်လင်စေပါတယ်။
အသုံးပြုပုံ (How to Use):
- အဆင့် (၁): မျက်နှာသစ်၊ တိုနာ သုံးပြီးနောက် Triple Serum ကို Pump နှိပ်ပြီး လက်ထဲတွင် သမအောင်မွှေကာ မျက်နှာပေါ် လိမ်းပေးပါ။ (ပထမဆုံးအကြိမ်သုံးပါက ပြွန်သုံးခုလုံးမှ ထွက်လာစေရန် အကြိမ်ရေများများ နှိပ်ပေးဖို့ လိုကောင်းလိုပါလိမ့်မယ်)။
- အဆင့် (၂): မနက်ခင်းတွင် H.P.N. 300-Peptide Cream ကိုလိမ်းပါ။
- အဆင့် (၃): ညဘက်တွင် Rénergie Night Cream ကိုလိမ်းပါ။
Glorious ၏ အကြံပြုချက် (Honest Notes):
ဒီ Set က Anti-aging ကို ဦးစားပေးလိုသူတွေအတွက် အရမ်းကောင်းပါတယ်။ H.C.F. Triple Serum က Texture သုံးမျိုးပေါင်းထားတာမို့ လိမ်းလိုက်ရင် စေးကပ်ကပ်မဖြစ်ဘဲ စိမ့်ဝင်လွယ်ပါတယ်။ ဒါပေမယ့် Active Ingredients တွေများတဲ့အတွက် အသားအရမ်းပါးပြီး Sensitive ဖြစ်သူတွေဆိုရင် Patch Test အရင်လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ရေမွှေးနံ့သင်းသင်းလေး ပါဝင်ပါတယ်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

