Laura Mercier
Laura Mercier Caviar stick eye color 0.5g
Laura Mercier Caviar stick eye color 0.5g
Couldn't load pickup availability
ဒါလေးကဘာလဲ (What it is)
အရောင်ထွက်အားကောင်းပြီး အလွယ်တကူ Blend လုပ်လို့ရတဲ့ Cream Eyeshadow Stick လေးဖြစ်ပါတယ်။ ဆွဲရတာ ချောမွေ့ပြီး အချိန်တိုအတွင်း သဘာဝကျကျလှပတဲ့ Eye Look လေးကို ဖန်တီးပေးနိုင်ပါတယ်။
ဖုံးကွယ်နိုင်စွမ်း (Coverage)
- Buildable (မိမိလိုချင်တဲ့ အရောင်ရင့်အားအပေါ် မူတည်ပြီး ထပ်ဆင့်လို့ရပါတယ်)
Finish (လိမ်းပြီးသွားရင်ရမယ့် Finish)
- Matte နှင့် Satin (မိမိရွေးချယ်တဲ့ Shade အပေါ်မူတည်ပြီး ကွာခြားမှုရှိပါတယ်)
ဘယ်သူတွေအတွက်သင့်တော်လဲ (Who It's For)
- Beginner Friendly (Makeup စလိမ်းမယ့်သူတွေအတွက် အရမ်းကို အလွယ်တကူ အသုံးပြုနိုင်ပါတယ်)
- Daily Wear & Long Hours (တစ်နေ့လုံးခံတဲ့အတွက် နေ့စဉ်အလုပ်သွား၊ ကျောင်းသွားနဲ့ အချိန်ကြာကြာ အပြင်သွားဖို့ သင့်တော်ပါတယ်)
- Potholes / Sensitive Eyes (မျက်လုံးတစ်ဝိုက် Sensitive ဖြစ်တတ်သူတွေနဲ့ Contact Lens တပ်သူတွေပါ စိတ်ချစွာ အသုံးပြုနိုင်ပါတယ်)
ဘယ်လိုအသုံးပြုရမလဲ (How To Use)
မျက်ခွံပေါ်ကို တိုက်ရိုက်ဆွဲပြီး လက်ချောင်းလေးနဲ့ဖြစ်စေ၊ Brush လေးနဲ့ဖြစ်စေ ဖြည်းဖြည်းချင်း Blend လုပ်ပေးပါ။ ဒီ Eyeshadow လေးက မျက်ခွံပေါ်မှာ မြန်မြန် Set ဖြစ်သွားတတ်တဲ့အတွက် လိမ်းပြီးတာနဲ့ ချက်ချင်း Blend လုပ်ပေးဖို့ အကြံပြုချင်ပါတယ်။
Glorious ရဲ့ ရိုးသားသော အကြံပြုချက် (Honest Notes)
- တစ်ခါ Set ဖြစ်သွားရင် ခေါက်ရာမထဘဲ (Crease-resistant) သေချာစွဲမြဲတဲ့အတွက် ကြာရှည်ခံပါတယ်။
- မျက်ခွံအရမ်းအဆီပြန်တတ်တဲ့သူတွေဆိုရင် Eye Primer လေး အရင်ခံပြီးမှ ဆွဲပေးရင် ပိုပြီး ကြာကြာခံစေပါတယ်။
- အရမ်းတလက်လက်တောက်ပတဲ့ Shimmer Shade အချို့က မျက်ခွံမှာ အရေးအကြောင်း သို့မဟုတ် အဖုအထစ်လေးတွေရှိရင် ပိုပြီး သိသာစေတတ်တာမို့ ကိုယ့်မျက်ခွံအခြေအနေပေါ်မူတည်ပြီး Matte Shade လေးတွေကို ပိုရွေးချယ်သင့်ပါတယ်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

