OLEHENRIKSEN
Lemonade Smoothing Scrub Mini
Lemonade Smoothing Scrub Mini
Couldn't load pickup availability
ကမ္ဘာတစ်ဝှမ်း နာမည်ကြီးတဲ့ Ole Henriksen Skin-care ရဲ့ Dual-action (နှစ်မျိုးစွမ်းဆောင်နိုင်သော) မျက်နှာချေးချွတ် (Scrub) လေးရဲ့ သယ်ဆောင်ရလွယ်ကူတဲ့ 7g အသေးစားလေး ဖြစ်ပါတယ်။ 10% AHA (Glycolic Acid & Lactic Acid) ကဲ့သို့ Chemical exfoliant ရော၊ ပါးလွှာတဲ့ သကြားပွင့်လေးတွေဖြစ်တဲ့ (Sugar exfoliants) လို Physical exfoliant ပါ ရောယှက်ပါဝင်လို့ ဆဲလ်သေတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။
Finish (အသားပေးမှု)
- Dewy (အသားအရေကြမ်းတမ်းမှုတွေကို ဖယ်ရှားပေးလို့ သုံးပြီးတာနဲ့ မျက်နှာလေးက ချက်ချင်း ကြည်လင်ပြီး Glow သွားတဲ့ (Dewy) Finish မျိုးကို ရရှိစေပါတယ်။)
Who it's for (ဘယ်သူတွေအတွက် သင့်တော်လဲ)
- Normal, Oily နဲ့ Combination Skin (အဆီပြန် / အဆီဖုထွက်လွယ် / ပုံမှန်အသားအရေ) သမားများ။
- အသားအရေကြမ်းတမ်းနေသူတွေ၊ ဆဲလ်သေတွေစုပုံပြီး အသားအရောင်မညီညာသူတွေ။
- မိတ်ကပ်လိမ်းတဲ့အခါ ကွက်ဖတ်လန်တတ်လို့ မိတ်ကပ်မလိမ်းခင် အသားအရေကို ချောမွေ့အောင် ပြင်ဆင်ချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။
How to use (ဘယ်လိုအသုံးပြုရမလဲ)
- တစ်ပတ်ကို (၁) ကြိမ် သို့မဟုတ် အများဆုံး (၂) ကြိမ်သာ သုံးပေးရန်။
- မျက်နှာသစ်ပြီးနောက် အသားအရေ အနည်းငယ် စိုစွတ်နေချိန်မှာ Scrub ကိုယူပြီး မျက်နှာပေါ် ညင်သာစွာ စက်ဝိုင်းပုံစံ (၁) မိနစ်ခန့် ပွတ်ပေးပါ။
- ပိုပြီး ထိရောက်ချင်ရင် ပွတ်ပြီးတာနဲ့ ချက်ချင်းမဆေးချဘဲ (၂) မိနစ်ခန့် ဒီတိုင်းလေး (Mask လိုမျိုး) ထားပေးလို့ရပါတယ်။ ပြီးရင် ရေနွေးနွေးလေးနဲ့ သေချာဆေးချပေးပါ။
Honest Notes (Glorious ရဲ့ အကြံပြုချက်)
- Not for Sensitive/Active Acne: AHA 10% ပါဝင်တဲ့အပြင် ပွတ်တိုက်ရတဲ့ physical scrub ပါဖြစ်လို့ ဝက်ခြံ ရောင်ရမ်းနေတဲ့အချိန် (Active breakouts) နဲ့ Skin barrier ပျက်စီးနေတဲ့ Sensitive Skin တွေမှာ လုံးဝ (လုံးဝ) မသုံးသင့်ပါဘူး။
- Avoid Mixing Actives: Scrub သုံးတဲ့နေ့မှာ တခြား AHA/BHA, Retinol (သို့) Vitamin C ပါဝင်တဲ့ ပြင်းထန်တဲ့ Skincare တွေကို တစ်ပြိုင်တည်း တွဲမသုံးဖို့ အထူးအကြံပြုပါတယ်။
- Sun Protection: ညဘက် သုံးဖို့ပဲ အကြံပေးပါတယ်။ AHA ပါဝင်လို့ မနက်ဘက်တွေမှာ Sunscreen (နေလောင်ခံခရင်မ်) မဖြစ်မနေ လိမ်းပေးရပါမယ်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

