Maison Louis
Marie No. 13 Nouvelle Vague Eau de Parfum 3ml
Marie No. 13 Nouvelle Vague Eau de Parfum 3ml
Couldn't load pickup availability
အီတလီကမ်းခြေ (Capri) ရဲ့ နွေဦးပေါက်ရာသီဥတုကို အမှတ်ရစေမယ့် လန်းဆန်းတက်ကြွစေတဲ့ ရနံ့ဖြစ်ပါတယ်။ "Clean Perfume" အမျိုးအစားဖြစ်တာကြောင့် ခေါင်းကိုက်စေတဲ့ ပြင်းရှရှအနံ့မျိုးမဟုတ်ဘဲ သဘာ၀ဆန်ဆန် သင်းပျံ့နေမယ့် ရနံ့ပါ။
ရနံ့ပုံစံ (Scent Profile):
- Top Notes: Muguet (Lily of the Valley)၊ အုန်းရည် (Coconut Water) နဲ့ သံပုရာရနံ့သင်းသင်းလေး ပါဝင်ပါတယ်။
- Mid Notes: Tuscan Fig (သဖန်းသီး)၊ Tonka နဲ့ Agave ရနံ့လေးတွေ ပေါင်းစပ်ထားပါတယ်။
- Base Notes: Vetiver၊ Amber နဲ့ Sandalwood (စန္ဒကူး) တို့က ရနံ့ကို တည်ငြိမ်ပြီး နွေးထွေးတဲ့ဘက်ကို သွားစေပါတယ်။
ဘယ်သူတွေနဲ့ ကိုက်ညီလဲ:
- Floral, Citrus နဲ့ နွေးထွေးတဲ့ Fig ရနံ့တွေကို မျှမျှတတ ကြိုက်နှစ်သက်သူများ။
- နေ့စဉ်သုံး ရုံးချိန်၊ ကျောင်းချိန်တွေအတွက် ပေါ့ပေါ့ပါးပါး ရနံ့ရှာနေသူများ။
- Alcohol ပြင်းပြင်းတွေ၊ Synthetic ရနံ့တွေကို ရှောင်ချင်တဲ့ Sensitive ဖြစ်သူများ။
Glorious ၏ အကြံပြုချက်:
ဒီ 3ml size လေးက ပုလင်းကြီးမဝယ်ခင် စမ်းသုံးကြည့်ချင်သူတွေအတွက် အဆင်အပြေဆုံးပါပဲ။ အိတ်ဆောင်အဖြစ် ယူသွားဖို့လည်း လွယ်ကူပါတယ်။ Maison Louis Marie က "Clean" ဖြစ်ဖို့ ဦးစားပေးထားတာမို့ ရနံ့က အရမ်းကြီး စူးနေတာမျိုး၊ တစ်ခန်းလုံး ဟင်းနေအောင် စွဲတာမျိုးထက် မိမိအနားတဝိုက်မှာ သင်းနေမယ့် ပုံစံမျိုးကို ဦးစားပေးထားပါတယ်။
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

