Skip to product information
1 of 6

Nars

Mini Climax Extreme Mascara

Mini Climax Extreme Mascara

Regular price 57,000 MMK
Regular price Sale price 57,000 MMK
Sale Sold out

မျက်တောင်တုတပ်ထားသလို ထူ၊ ရှည်၊ ကော့ညွှတ်တဲ့ result မျိုးကို လိုချင်တယ်ဆိုရင် ဒါက အသင့်တော်ဆုံးရွေးချယ်မှုပါပဲ။ နာမည်ကြီး NARS Climax (Red Tube) ရဲ့ မူရင်း formula ထက် ပိုပြီးနက်မှောင်၊ ပိုပြီး Volume ထွက်စေမယ့် Extreme Version ဖြစ်ပါတယ်။ 2g size ဖြစ်တဲ့အတွက် အိတ်ဆောင်သယ်သွားမလား၊ ပထမဆုံးအကြိမ် စမ်းသုံးကြည့်မလား အဆင်ပြေပါတယ်။

ဘာတွေထူးခြားလဲ?

  • Extreme Volume: Loaded Pigment Complex နည်းပညာကြောင့် တစ်ချက်ပွတ်လိုက်တာနဲ့ မျက်တောင်က သိသိသာသာ ထူဲပြီး ထင်းသွားစေပါတယ်။
  • XXXtra Black: သာမန်အမည်းရောင်ထက် ပိုနက်မှောင်တဲ့ (Latex-like black) အရောင်မို့ မျက်လုံးကို ပိုမိုဆွဲဆောင်မှုရှိစေပါတယ်။
  • Touch & Feel: ပုံမှန် Climax (အနီရောင်ဘူး) က ပေါ့ပါးပြီး သဘာဝကျတယ်ဆိုရင်၊ ဒီ Extreme (အမည်းရောင်ဘူး) ကတော့ ပိုပြီး Heavy ဖြစ်ပြီး Dramatic ဆန်တဲ့ Look ကို ပေးစွမ်းနိုင်ပါတယ်။

ဘယ်သူတွေအတွက်လဲ?

  • မျက်တောင်ပါးလို့ Volume များများလိုချင်သူများ။
  • မျက်တောင်တုမတပ်ဘဲ ပွဲတက်၊ ဓာတ်ပုံရိုက်ဖို့ အားကောင်းတဲ့ Mascara ရှာနေသူများ။
  • Full Size မဝယ်ခင် စမ်းသုံးကြည့်ချင်သူများ (သို့)Travel size ရှာနေသူများ။

ဘယ်လိုသုံးမလဲ?

  1. မျက်တောင်အရင်းမှ အဖျားဘက်သို့ Zig-zag ပုံစံဖြင့် ပင့်တင်ပါ။
  2. Formula က အတော်လေး Pigment များတဲ့အတွက် တစ်ခါပွတ်ရုံနဲ့ လုံလောက်လေ့ရှိပါတယ်။ အရမ်းထပ်ပွတ်ရင် အနည်းငယ် Clump ဖြစ်နိုင် (ခဲသွားနိုင်) လို့ သတိပြုပါ။

Honest Note:
ဒါက Waterproof မဟုတ်ပါဘူး။ ဒါပေမယ့် Long-wearing ဖြစ်လို့ သာမန်ရေစိုဒဏ်ကို ခံနိုင်ပါတယ်။ ဖျက်တဲ့အခါ Oil-based makeup remover (သို့) Balm သုံးမှ ပြောင်စင်အောင် ဖျက်လို့ရမှာပါ။ သဘာဝကျကျ မျက်တောင်ပုံစံ ကြိုက်သူတွေနဲ့တော့ အဆင်မပြေနိုင်ပါဘူးရှင်။

PAO -(6M)

 

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details