Ren
REN Perfect Canvas Smooth, Prep & Plump Essence
REN Perfect Canvas Smooth, Prep & Plump Essence
Couldn't load pickup availability
Toner အဆင့်ပြီးနောက် Serum မလိမ်းခင် ကြားထဲမှာ သုံးပေးရတဲ့ Essence (အရည်ကြည်) ဖြစ်ပါတယ်။ ဒီ Essence က ရေဓာတ်ကို အထူးဖြည့်တင်းပေးပြီး နောက်ထပ်လိမ်းမယ့် Skincare တွေရဲ့ အာနိသင်ကို ပိုမိုထိရောက်အောင် ကူညီပေးသလို၊ မိတ်ကပ်လိမ်းတဲ့အခါမှာလည်း အသားအရေကို ချောမွတ်ပြီး 'Canvas' တစ်ခုလို အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ပေးပါတယ်။
အဓိကပါဝင်ပစ္စည်းများနှင့် အာနိသင်များ:
- Hyaluronic Acid & Polyglutamic Acid: ရေဓာတ်ကို အသားအရေ အတွင်းပိုင်းထိ ဖြည့်ဆည်းပေးလို့ မျက်နှာကို တင်းရင်း (Plump) စေပြီး အရေးကြောင်းအနုလေးတွေကို သက်သာစေပါတယ်။
- Marrubium Extract: ပတ်ဝန်းကျင်မှ ညစ်ညမ်းမှုများ (Pollution) ဒဏ်ကို ကာကွယ်ပေးပါတယ်။
- Niacinamide: အသားအရေမညီညာတာတွေကို ညှိပေးပြီး ကြည်လင်စေပါတယ်။
Finish & Texture:
စေးကပ်မှုမရှိဘဲ ပေါ့ပါးတဲ့ အရည်ပုံစံဖြစ်ပြီး လိမ်းလိုက်တာနဲ့ အသားထဲကို လျင်မြန်စွာ စိမ့်ဝင်သွားပါတယ်။ Finish ကတော့ သဘာဝအတိုင်း စိုပြေနေစေပါတယ်။
ဘယ်သူတွေသုံးသင့်လဲ:
- Toner သုံးရုံနဲ့ ရေဓာတ်မလုံလောက်ဘူးလို့ ခံစားရသူများ။
- အသားအရေ ခြောက်သွေ့အက်ကွဲလွယ်သူများ (Dehydrated Skin)။
- Skin Barrier (အသားအရေအတားအဆီး) အားနည်းနေသူများ။
အသုံးပြုပုံ:
မနက်ရော ညပါ သုံးလို့ရပါတယ်။ မျက်နှာသစ်ပြီး Toner သုံးအပြီးမှာ လက်ထဲသို့ ၃ စက်ခန့်ထည့်ကာ မျက်နှာနှင့် လည်ပင်းကို ဖွဖွလေးပုတ်လိမ်းပေးပါ။ ပြီးမှ Serum နှင့် Moisturizer ဆက်သုံးပါ။
Glorious ၏ အကြံပြုချက် (Honest Note):
ဒါဟာ Skincare routine မှာ မဖြစ်မနေပါရမယ့် အဆင့် (Basic Step) တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ လက်ရှိ skincare routine က ရေဓာတ်ဖြည့်ပေးတာ အားနည်းနေတယ်လို့ ထင်ရင်တော့ ဒါလေးဖြည့်သုံးသင့်ပါတယ်။ သူက ကျန်တဲ့ skincare တွေကို ပိုစုပ်ယူမှုအားကောင်းအောင် ကူညီပေးတဲ့ Booster သဘောမျိုးပါရှင့်
PAO -(9M)
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

