Skip to product information
1 of 4

Maison Margiela

REPLICA By the Fireplace Eau de Toilette 7ml

REPLICA By the Fireplace Eau de Toilette 7ml

Regular price 83,000 MMK
Regular price Sale price 83,000 MMK
Sale Sold out

ဆောင်းရာသီ မီးဖိုဘေးမှာ ထိုင်နေရသလို ခံစားချက်မျိုးပေးစွမ်းနိုင်တဲ့ Warm & Spicy ရနံ့လေးပါ။ 1971 ခုနှစ် Chamonix တောင်တန်းပေါ်က မီးဖိုဘေး အငွေ့အသက်ကို ပြန်လည်ဖော်ကျူးထားတဲ့ ဒီရေမွှေးက Maison Margiela ရဲ့ အအောင်မြင်ဆုံး Signature Scent တစ်ခုဖြစ်ပါတယ်။ 7ml ဆိုဒ်က Miniature ပုလင်းလေးဖြစ်လို့ စမ်းသုံးကြည့်ချင်သူတွေအတွက် အဆင်ပြေပါတယ်။

အနံ့ပုံစံ (Scent Profile)

  • Top Notes: လေးညှင်းပွင့် (Clove Oil)၊ ပန်းရောင်ငရုတ်ကောင်း (Pink Pepper)၊ လိမ္မော်ပွင့် (Orange Flower)။
  • Middle Notes: မီးကင်ထားတဲ့ ဝက်သစ်ချသီး (Chestnut Accord)၊ Guaiac Wood Oil။
  • Base Notes: ဗနီလာ (Vanilla Accord)၊ Peru Balsam။

ဘယ်သူတွေအတွက်လဲ?

  • Vanilla အနံ့ကို အချိုဘက်မသွားဘဲ သစ်သားနံ့၊ မီးခိုးနံ့သင်းသင်းလေး (Smoky & Woody) နဲ့ တွဲဖက်ထားတာကို နှစ်သက်သူများ။
  • လူကြီးဆန်ပြီး တည်ငြိမ်တဲ့ အငွေ့အသက်ကို လိုချင်သူများ (Unisex သုံးနိုင်ပါတယ်)။
  • Full Size မဝယ်ခင် အနံ့ကို စမ်းသုံးကြည့်ချင်သူများ သို့မဟုတ် ခရီးဆောင်သယ်သွားချင်သူများ။

Glorious ၏ အကြံပြုချက် (Honest Notes)

  • Scent Warning: ဒါက Fresh ဖြစ်တဲ့ ပန်းနံ့၊ သစ်သီးနံ့ လုံးဝ (လုံးဝ) မဟုတ်ပါဘူး။ မီးခိုးနံ့ (Smoky) နဲ့ အနည်းငယ်လေးလံတဲ့ (Heavy) ဘက်သွားပါတယ်။ မြန်မာနိုင်ငံလို ပူတဲ့ရာသီဥတုမှာ နေ့ခင်းဘက် အပြင်သွားရင် အနည်းငယ် မူးနောက်နောက်ဖြစ်နိုင်လို့ Air Con ခန်း ဒါမှမဟုတ် ညဘက် Event တွေနဲ့ ပိုလိုက်ဖက်ပါတယ်။
  • Packaging Note: ဒါက 7ml Miniature ဖြစ်တဲ့အတွက် Spray ခေါင်း မပါပါဘူး။ Dabber (လက်နဲ့တို့ပြီး သုံးရတဲ့) ပုံစံလေးဖြစ်ပါတယ်။

Glorious Promise

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details