Skip to product information
1 of 6

Nyx

Retractable Vivid Rich Mechanical Eyeliner Pencil

Retractable Vivid Rich Mechanical Eyeliner Pencil

Regular price 52,000 MMK
Regular price 65,000 MMK Sale price 52,000 MMK
Sale Sold out
Color

NYX ရဲ့ နာမည်ကြီး Vivid Rich လိုင်းထဲက ဆွဲရတာ အရမ်းညက်ပြီး (creamy feel) တစ်ချက်ဆွဲရုံနဲ့ အရောင်ထွက်အားကောင်းတဲ့ အဆင့်မြင့် pencil eyeliner သစ်လေးဖြစ်ပါတယ်။ ခဲဖျက်စရာ (sharpen လုပ်စရာ) မလိုတဲ့ Retractable (လှည့်ထုတ်ရတဲ့) အမျိုးအစားဖြစ်ပါတယ်။

Coverage (အရောင်ထွက်အား)

  • Full (တစ်ချက်ဆွဲလိုက်တာနဲ့ အရောင်အပြည့်အဝ ထွက်ပါတယ်။)

Finish (အသားပေးမှု)

  • Matte (အပြောင်မဟုတ်ဘဲ သဘာဝကျပြီး တည်ငြိမ်တဲ့ ရင့်မှိုင်းသော Matte finish မျိုးပေးပါတယ်။)

Who it's for (ဘယ်သူတွေအတွက် သင့်တော်လဲ)

  • နေ့စဉ်သုံးဖို့နဲ့ မျက်လုံးထောင့်၊ မျက်တောင်ကြား (Tightline) နဲ့ Waterline တွေမှာ အလွယ်တကူ ဆွဲချင်သူတွေ။
  • Eyeliner စဆွဲမယ့် Beginner တွေနဲ့ အချိန်ကုန်သက်သာချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။

How to use (ဘယ်လိုအသုံးပြုရမလဲ)

  • မျက်တောင်အရင်းပိုင်း (လိုင်းတစ်လျှောက်) နဲ့ Waterline မှာ ညင်သာစွာ ဆွဲပေးပါ။
  • Smudged look (ခပ်မှုန်မှုန်လေး) လိုချင်ရင်တော့ ဆွဲပြီးတာနဲ့ မခြောက်ခင် (set မဖြစ်ခင်) ချက်ချင်း blend လုပ်ပေးဖို့ လိုအပ်ပါတယ်။

Honest Notes (Glorious ရဲ့ အကြံပြုချက်)

  • Mechanical Care: ခဲတံအမျိုးအစားဖြစ်လို့ ခဲဆံကို အများကြီး ရှည်ရှည်လှည့်ထုတ်ပြီးဆွဲရင် အလွယ်တကူကျိုးသွားနိုင်ပါတယ်။ သုံးမယ့်အချိန်မှာ လိုအပ်သလောက် အနည်းငယ်သာထုတ်ပြီး ဆွဲပေးပါ။
  • Wearability: Creamy formula ဖြစ်တာကြောင့် မျက်ခွံအဆီပြန်တတ်သူတွေမှာ အချိန်ကြာလာရင် အနည်းငယ် Smudge ဖြစ် (ပျံ့) လာနိုင်ခြေရှိပါတယ်။ Oil-control သေချာလုပ်ပေးရင် ပိုခံပါတယ်။

Shade Note (အရောင်အကြောင်း)

  • Always Onyx: ပြည့်ဝပြီး ရင့်သွားတဲ့ အမည်းရောင် (Classic deep black) လေးဖြစ်လို့ မျက်လုံးကို သဘာဝကျကျနဲ့ ပိုပြီး ထင်းသွားစေပါတယ်။

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details