Skip to product information
1 of 5

Sigma

S01 Clay/Mud Mask™ Brush

S01 Clay/Mud Mask™ Brush

Regular price 121,000 MMK
Regular price 191,000 MMK Sale price 121,000 MMK
Sale Sold out

Skincare လုပ်တဲ့အခါ Clay Mask (သို့) Mud Mask တွေကို လက်နဲ့လိမ်းရတာ ရှုပ်ပွပြီး လက်သည်းကြား Mask တွေဝင်နေတာမျိုး စိတ်ညစ်ဖူးပါသလား? Sigma S01 က Mask လိမ်းတဲ့အဆင့်ကို Spa treatment တစ်ခုလို သပ်ရပ်သွားစေမယ့် Tool လေးပါ။

ဘာကြောင့် သုံးသင့်တာလဲ?

  • Product Saving: နူးညံ့ပြီး ပျော့ပြောင်းတဲ့ Silicone ခေါင်းဖြစ်လို့ Mask အသားကို စုတ်တံက စုပ်ယူသွားတာမျိုး လုံးဝမရှိပါဘူး။ Mask ကို အလေအလွင့်မရှိစေပါဘူး။
  • Hygienic Application: လက်မှာရှိတဲ့ Bakteria တွေ မျက်နှာပေါ်မရောက်အောင် ကာကွယ်ပေးသလို၊ Mask ဗူးထဲကို လက်နှိုက်စရာမလိုလို့ Skincare ကို ပိုသန့်ရှင်းစေပါတယ်။
  • Smooth Finish: မျက်နှာပြင်ပေါ်မှာ Mask ကို အထူအပါးညီညာစွာ (Even layer) ဆွဲလိမ်းရလွယ်ကူစေပါတယ်။

ဘယ်သူတွေအတွက်လဲ?

  • Clay Mask, Charcoal Mask နဲ့ Mud Mask အနှစ်ပျစ်တဲ့ Mask တွေကို ပုံမှန်သုံးလေ့ရှိသူများ။
  • လက်မပေဘဲ သန့်သန့်ရှင်းရှင်း Skincare လုပ်ချင်သူများ။

အသုံးပြုပုံ
Mask ကို Brush ခေါင်းနဲ့ယူပြီး မျက်နှာအလယ်မှ ဘေးဘက်သို့ ညီညာစွာ ဆွဲလိမ်းပေးပါ။ သုံးပြီးတိုင်း ရေ (သို့) ဆပ်ပြာအပျော့စားဖြင့် ဆေးကြောပြီး ခြောက်သွေ့အောင်ထားပါ။

Glorious Honest Note:
ဒါက အမွေးအမျှင်ပါတဲ့ Brush မဟုတ်ဘဲ Silicone ပြားလေးဖြစ်ပါတယ်။ အရည်ကျဲတဲ့ Watery Mask တွေ၊ Sleeping Mask အကြည်တွေထက် အနှစ်ပျစ်တဲ့ Mask တွေနဲ့ဆို ပိုအဆင်ပြေပါတယ်။

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details