Tarte
Shape Tape Blur Concealer Stick
Shape Tape Blur Concealer Stick
Couldn't load pickup availability
Tarte ၏ နာမည်ကြီး Shape Tape Liquid Concealer ကို ကြိုက်ပေမယ့် မျက်နှာပေါ်မှာ အရမ်းခြောက်ကပ်ပြီး အသားဆွဲသလို ခံစားရလို့ အဆင်မပြေသူများအတွက် အထူးထုတ်လုပ်ထားတဲ့ Stick ဗားရှင်းဖြစ်ပါတယ်။
ဘာကြောင့် Glorious က ရွေးချယ်တာလဲ?
ဒီ Concealer stick က မျက်ဝန်းအောက်က အမဲကွင်းတွေနဲ့ မျက်နှာပေါ်က အပြစ်အနာအဆာတွေကို ဖုံးပေးရုံသာမကဘဲ အသားအရေကို ဝါးသွားစေတဲ့ (Blurring Effect) ကို ပေးစွမ်းနိုင်ပါတယ်။ အရည် (Liquid) မဟုတ်ဘဲ Cream Stick ဖြစ်တဲ့အတွက် ပိုပြီး သဘာဝကျကျနဲ့ အသားထဲ စိမ့်ဝင်လွယ်စေပါတယ်။
အဓိက အာနိသင်များ:
- Finish: Natural Matte (သဘာဝကျပြီး နူးညံ့တဲ့ Matte ပုံစံ)
- Coverage: Medium to Full (စိတ်ကြိုက် ထပ်ဖြည့်လိမ်းနိုင်သည်)
- Skin Type: ပုံမှန်၊ ခြောက်သွေ့ နှင့် sensitive အသားအရေများအတွက် အထူးသင့်လျော်သည်။ (အဆီပြန်သူများလည်း သုံးနိုင်သော်လည်း Liquid version လောက် အဆီထိန်းမည်မဟုတ်ပါ)
Great Ingredients:
- Heartleaf & Prickly Pear: အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး နီမြန်းမှုများကို သက်သာစေသည်။
- Squalane: အသားကို နူးညံ့စေပြီး Concealer အသားမကွဲအောင် ကူညီပေးသည်။
Glorious Honest Note:
ဒါဟာ Original Shape Tape Liquid လိုမျိုး အရမ်းကြီး "Dry Down" (ခြောက်သွေ့ပြီး ကပ်သွားခြင်း) ဖြစ်မှာမဟုတ်ပါဘူး။ သူ့ရဲ့ အသားက Creamy ဖြစ်တဲ့အတွက် မျက်လုံးအောက် အရေးအကြောင်းတွေကြားထဲ ဝင်ပြီး ကွဲတာမျိုး သက်သာစေပါတယ်။ ဒါပေမယ့် ကြာရှည်ခံချင်ရင် Powder ခပ်ပါးပါးလေး တစ်ထပ် ထပ်ပုတ်ပေးဖို့ အကြံပေးချင်ပါတယ်။
- PAO -(12M)
Glorious Promise
Glorious Promise
Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်
Shipping
Shipping
♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

