Skip to product information
1 of 17

Rare Beauty

Soft Pinch Luminous Powder Blush

Soft Pinch Luminous Powder Blush

Regular price 188,000 MMK
Sale price 188,000 MMK
Sale Sold out
color

ဒီ Blush လေးကတော့ Rare Beauty ရဲ့ နာမည်ကြီး Liquid Blush အရောင်တွေကို အခြေခံပြီး Highlighter effect ပါ ထည့်သွင်းပေါင်းစပ်ပေးထားတဲ့ Hybrid Blush တစ်ခုဖြစ်ပါတယ်။ ပါးနီသီးသန့်ထက် ပိုတောက်ပပြီး Highlighter သီးသန့်ထက် ပိုနူးညံ့တဲ့ Finish ကို လိုချင်သူတွေအတွက် အထူးထုတ်လုပ်ထားတာပါ။

ဘယ်လိုပုံစံလဲ? (Finish & Texture)

  • Finish: Matte မဟုတ်ဘဲ ကြည်တောက်တဲ့ Glow ကို ရရှိစေပါတယ်။ ပုံမှန် Shimmer တွေလို အမှုန်ကြီးကြီးတွေ မပါဝင်ဘဲ အသားထဲ စိမ့်ဝင်သွားသလို တောက်ပစေပါတယ်။
  • Texture: ပေါင်ဒါသားက အရမ်းနူးညံ့ပြီး ပေါ့ပါးပါတယ်။ လိမ်းလိုက်ရင် Chalky (အမှုန်ကပ်ကပ်ကြီး) မဖြစ်ဘဲ ပိုးသားလို ညက်ညောသွားပါတယ်။

ဘယ်သူတွေအတွက်လဲ?

  • Highlighter သီးသန့် ထပ်မသုံးချင်ဘဲ ပါးနီအဆင့်မှာတင် Glow look ရချင်သူများ။
  • Normal, Dry နဲ့ Combination Skin သမားများအတွက် အထူးသင့်တော်ပါတယ်။
  • Dewy Makeup Look ကြိုက်နှစ်သက်သူများ။

Glorious ၏ အကြံပြုချက် (Honest Notes)

  • ဒီ Blush က Pigment (အရောင်ထွက်) တော်တော်ကောင်းပါတယ်။ ဒါကြောင့် စလိမ်းချင်းမှာ Brush နဲ့ အများကြီးမယူမိဖို့ သတိထားစေချင်ပါတယ်။
  • Pore Texture သတိပြုရန်: Glow အားကောင်းတဲ့ ပစ္စည်းဖြစ်တဲ့အတွက် ပါးမို့နေရာမှာ ချွေးပေါက် (Pores) အရမ်းကျယ်သူတွေ၊ အဖုအပိမ့်များသူတွေဆိုရင် Texture ပိုပေါ်သွားနိုင်ပါတယ်။ အဲ့ဒီလို Skin Type ရှိရင် Matte Blush သုံးပြီးမှ Highlighter အနည်းငယ်တင်တာက ပိုစိတ်ချရပါတယ်။

 

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details