Skip to product information
1 of 6

Fresh

Soy pH-Balanced Hydrating Face Wash 15ml

Soy pH-Balanced Hydrating Face Wash 15ml

Regular price 20,000 MMK
Regular price 48,500 MMK Sale price 20,000 MMK
Sale Sold out

Fresh Brand ရဲ့ အရောင်းရဆုံး၊ လူကြိုက်အများဆုံး Soy Face Cleanser လေးဖြစ်ပါတယ်။ ဆပ်ပြာမပါဝင်ဘဲ မျက်နှာသစ်ပေးလို့ အသားအရေကို မခြောက်သွေ့စေပါဘူး။ မိတ်ကပ်လိမ်းသူတွေရော၊ မလိမ်းသူတွေပါ နေ့စဉ်သုံးဖို့ အဆင်ပြေဆုံး Cleanser တစ်ခုပါ။ ယခုပမာဏ 15ml သည် ခရီးသွားရင် ယူသွားဖို့ (သို့မဟုတ်) အသားအရေနဲ့ တည့်/မတည့် စမ်းသုံးကြည့်ဖို့ အကောင်းဆုံး Size လေးဖြစ်ပါတယ်။

ဘာကြောင့် Glorious က ရွေးချယ်တာလဲ?

  • 3-in-1 Benefits: မျက်နှာသစ်ဆေး၊ မိတ်ကပ်ဖျက်ဆေး (Light Makeup) နှင့် အသားအရေထိန်းသိမ်းမှု (Toning) အာနိသင် သုံးမျိုးကို တပြိုင်နက် ရရှိစေပါတယ်။
  • Gentle & pH-balanced: အသားအရေရဲ့ သဘာ၀ pH ကို မပျက်စီးစေဘဲ ညင်သာစွာ သန့်စင်ပေးလို့ မျက်နှာသစ်ပြီးရင် အသားတင်းပြီး ခြောက်ကျန်ခဲ့တာမျိုး လုံးဝမဖြစ်ပါဘူး။
  • Key Ingredients: ပဲပိစပ်ပရိုတိန်း (Soy Proteins) က အသားအရေကို ကျုံ့ဆန့်နိုင်စွမ်းကောင်းစေပြီး၊ သခွားသီးနဲ့ နှင်းဆီရည်က အသားအရေကို အေးမြစေပါတယ်။

ဘယ်သူတွေ သုံးသင့်လဲ?

  • Skin Type အားလုံး (အဆီပြန်၊ ခြောက်သွေ့၊ ပေါင်းစပ်၊ Sensitive ဖြစ်လွယ်သူများအထိ) အသုံးပြုနိုင်ပါတယ်။
  • မျက်လုံးတဝိုက်က နုနယ်တဲ့ အသားအရေမျိုးမှာပါ စိတ်ချလက်ချ သုံးနိုင်ပါတယ်။

Glorious Honest Note:

  • Scent: သခွားသီးနံ့သင်းသင်းလေး ရပါမယ်။ ဒါက ရေမွှေးထည့်ထားတာမဟုတ်ဘဲ သဘာ၀ Ingredients တွေရဲ့ အနံ့ဖြစ်ပါတယ်။
  • Make-up Removal: နေ့စဉ်လိမ်း Light Makeup တွေကို ပြောင်စင်အောင် ဖျက်ပေးနိုင်ပေမယ့် အရမ်းထူတဲ့ Waterproof Makeup တွေအတွက်တော့ Oil Cleanser/Balm အရင်သုံးပြီးမှ ဒါလေးနဲ့ Double Cleanse လုပ်တာ ပိုစိတ်ချရပါတယ်။
  • Size Warning: ဒါက 15ml ဖြစ်တဲ့အတွက် လက်တွေ့မှာ ဘူးဆိုဒ်က အတော်လေး သေးပါမယ်နော်။ 

အသုံးပြုပုံ
မျက်နှာနဲ့ လက်ကို ရေစိုအောင်လုပ်ပြီးမှ Cleanser ကိုယူပြီး မျက်နှာပေါ် နှိပ်နယ်ပေးပါ။ ပြီးရင် ရေဆေးချပါ။ မနက်ရော ညပါ သုံးနိုင်ပါတယ်။

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details