Skip to product information
1 of 5

Nyx

THE BROW GLUE INSTANT BROW STYLER

THE BROW GLUE INSTANT BROW STYLER

Regular price 50,000 MMK
Regular price 74,500 MMK Sale price 50,000 MMK
Sale Sold out
Color

What it is (ဒီ Product ကဘာလဲ)
"မျက်ခုံးကော်" လို့ နာမည်ပေးထားတဲ့အတိုင်း မျက်ခုံးမွှေးလေးတွေကို ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း ၁၆ နာရီအထိ မြဲနေအောင် ဖမ်းပေးထားနိုင်တဲ့ Brow Gel လေးဖြစ်ပါတယ်။ အသေးစိတ်ဖီးပေးနိုင်တဲ့ ဝိုင်းစက်စက် Spoolie (ဖီးတံ) လေး ပါဝင်လို့ သုံးရတာ အလွန်လွယ်ကူပါတယ်။

Coverage (အရောင်ထွက်အား)

  • Sheer (Clear အကြည်ရောင်ရော၊ အရောင်ပါတဲ့ Tinted အနေအထားမှာပါ မျက်ခုံးကို သဘာဝကျကျနဲ့ ပါးပါးလေးသာ အရောင်ထွက်ပါတယ်။)

Finish (အသားပေးမှု)

  • Natural (လိမ်းခါစမှာ အနည်းငယ် စိုနေပေမယ့် ခြောက်သွားရင် ပြောင်တင်းမနေဘဲ သဘာဝကျတဲ့ Finish ကို ရရှိပါတယ်။)

Who it's for (ဘယ်သူတွေအတွက် သင့်တော်လဲ)

  • မျက်ခုံးမွှေးတွေ ပုံမကျဘဲ အောက်စိုက်ကျနေတတ်သူတွေ။
  • Laminated brow လို့ခေါ်တဲ့ မျက်ခုံးမွှေး အထက်ထောင်ထောင်လေးတွေနဲ့ အမွှေးအမျှင် တစ်ပင်ချင်းစီ သပ်သပ်ရပ်ရပ် ပုံစံမျိုး လိုချင်သူတွေ။
  • ရာသီဥတုပူလို့ ချွေးထွက်များပြီး မျက်ခုံးပုံစံပျက်တတ်သူတွေအတွက် အထူးသင့်တော်ပါတယ်။

How to use (ဘယ်လိုအသုံးပြုရမလဲ)

  • ပါဝင်တဲ့ Brush လေးနဲ့ မျက်ခုံးမွှေးတွေကို အပေါ်ဘက်သို့ ဖီးတင်ပေးပါ။
  • ပိုပြီး ပြန့်ပြန့်လေးနဲ့ သေချာကပ်နေချင်ရင်တော့ အမွှေးတွေရဲ့ ပြောင်းပြန်ဘက်ကို အရင်ဖီးပြီးမှ အပေါ်ကို ပြန်ဖီးတင်ပေးနိုင်ပါတယ်။ ခြောက်သွားရင် လိုအပ်တဲ့ နေရာတွေကို မျက်ခုံးဆွဲခဲတံ (သို့) ပေါင်ဒါလေးနဲ့ ဖြည့်ဆွဲလို့ရပါတယ်။

Honest Notes (Glorious ရဲ့ အကြံပြုချက်)

  • Stiff Feel: Hold Power တော်တော်လေးများပြီး ခြောက်သွားတဲ့အခါ မျက်ခုံးမွှေးလေးတွေက အနည်းငယ် မာတောင့်တောင့်လေး (Stiff) ဖြစ်သွားပါမယ်။ ဒါကြောင့် ပျော့ပျော့အိအိ သဘာဝအတိုင်းလေးပဲ နေချင်တဲ့သူတွေဆိုရင် သဘောမကျဖြစ်နိုင်ပါတယ်။
  • Flaking Risk: အများကြီး ထူထူသုတ်မိရင် ဒါမှမဟုတ် Skincare/Foundation/Powder တွေအပေါ်မှာ အလွန်အကျွံ ထပ်ဖီးမိရင် အဖြူဖတ်/အနောက်ဖတ်လေးတွေ (white flakes) ကျန်ခဲ့နိုင်လို့ မျက်ခုံးပေါ် တိုက်ရိုက် ပါးပါးလေးသာ လိမ်းပေးဖို့ အကြံပြုပါတယ်။ Makeup မလိမ်းခင် မျက်ခုံးကို အရင်ဆုံး ပုံသွင်းတာက အကောင်းဆုံးပါ။

Glorious Promise

Glorious မှ ရောင်းချသောပစ္စည်းတိုင်းသည် Authentic စစ်မှန်ကြောင်း၊ သက်တမ်းလွန်ပစ္စည်းများ မဟုတ်ကြောင်းနှင့် စနစ်တကျသိမ်းဆည်းထားကြောင်း အာမခံပါတယ်

Shipping

♡ SHIPPING: We offer same-day delivery for orders placed before 10 AM in Yangon, and standard delivery takes 3-7 days across Myanmar.

View full details